သြဂုတ်လ ၂၉ ရက်(ယနေ့)တွင် ထုတ်ပြန်ကြေငြာမယ့် ၂၀၁၈-၁၉ ရာသီ UEFA Awards ကို ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်က ဆွတ်ခူးရရှိဖို့ အပြတ်အသတ် ရေးပန်စားနေတယ်လို့ သိရပါတယ်။
ယင်းဆုအတွက် ဆန်ခါတင် (၃) ဦးကို သြဂုတ်လ ၁၅ ရက်က ကြေညာခဲ့ပြီး လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒို ၊ ဘာစီလိုနာတိုက်စစ်မှူး မက်စီတို့ပါဝင်ခဲ့ပါတယ်။ အဆိုပါ(၃)ဦးတွင် လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်က ရေပန်းအစားဆုံးဖြစ်နေပြီး ဗန်ဒိုက်သာရရှိခဲ့ပါက ၂၀၀၆ ခုနှစ်က အီတလီနောက်ခံလူ ကင်နာဗာရို နောက်ပိုင်း ဘောလုံးလောကတွင် FIFA အကောင်းဆုံးကစားသမားဆုကို တဖန်ပြန်လည်ရရှိမယ့် နောက်ခံလူဖြစ်လာမှာ ဖြစ်ပါတယ်။
UEFA အကောင်းဆုံးဆုကို အကောင်းဆုံးဆုကို ၂၀၁၀-၁၁ ရာသီက စတင်ပေးအပ်ခဲ့တာပြီး စီရော်နယ်ဒိုက (၃)ကြိမ်၊ မက်ဆီက (၂)ကြိမ်၊ အင်နီယေစတာ၊ ရီဘာရီနှင့် မိုဒရစ်တို့က (၁)ကြိမ်စီ ဆွတ်ခူးထားခဲ့ပါတယ်။ အဆိုပါ UEFA အကောင်းဆုံးဆုကို ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်က နောက်ဆုံးရရှိထားတာဖြစ်ပါတယ်။ ယင်းဆုကိုသာ ဗန်ဒိုက်ရရှိခဲ့လျှင် အင်္ဂလန် ပရီးမီးယားလိဂ်မှာ UEFA အကောင်းဆုံးဆုကို ပထမဆုံးရရှိတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
အဆိုပါ UEFA အကောင်းဆုံးဆုကို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်အုပ်စုအဆင့် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အသင်းပေါင်း(၈၀)မှ နည်းပြများနှင့် UEFA အဖွဲ့ဝင် (၅၅)နိုင်ငံမှ ဂျာနယ်လစ်တစ်ဦးစီက မဲပေးရွေးချယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Ref ; dailymail