1. Home
  2. Woman To Woman

တင်ပါးနဲ့ပေါင်တံကြီးသူတွေရွေးချယ်သင့်တဲ့ Fashion

Woman To Woman ก.ย. 07, 2558 view 1,835

 ပထမဆုံးကတော့ ခါးစီးထားတဲ့အ၀တ်အစားတွေဟာ ခန္ဓာကိုယ်ကို ပိုပြီး အထောက်အပံ့ဖြစ်စေပါတယ်။ ခါးနေရာမှာစီးထားတာမရှိဘူးဆိုရင်လဲ ခါးပတ်လှလှလေးတွေနဲ့ အလှဆင်လို့၇ပါတယ်။ ခါးပတ်လှလှလေးတွေဟာ တင်ပါးရယ်ပေါင်တံနေရာတွေကို သတိမထားမိတော့ပဲ ခန္ဓာကိုယ်ဟာ သဲ နာရီပုံစံဖြစ်အောင် ဆွဲဆောင်မှုကိုပေးနိုင်ပါတယ်။

စကပ်ဝတ်တဲ့အခါမျိုးမှာ အောက်ပိုင်းကျပ်သွားတဲ့ ၀တ်စုံမျိုးထက် A ပုံစံလိုမျိုး အပေါ်ပိုင်းကကျပ်ပြီးအောက်ပိုင်းမှာ A ပုံစံဒေါက်ကားသွားတဲ့ပုံစံ မျိုးကိုရွေးချယ်သင့်ပါတယ်။ ကွက်တိ အ၀တ်အစားတွေ  ဘော်ဒီရှိုတ်ကလှပတဲ့အတွက်ကြောင့် အကျီင်္ကိုကိုယ်ကျပ်ဝတ်လိုက်ပြီဆိုရင် လိုတာထက်ပိုပြီး ခန္ဓာကိုယ်ဟာ လုံးဝန်းသွားတာမျိုးဖြစ်စေနိုင်ပါတယ်။ အရောင်ေ၇ွးချယ်တဲ့အခါမျိုးမှာဆိုရင် အရောင်တမျိုးထဲ အပေါ်အောက် အကျပ်တွေကို လုံးဝမရွေးပါနဲ့ ဒီလိုအရောင်တမျိုးတဲ့ ၀တ်လိုက်တဲ့အခါ သေတ္တာပုံစံခန္ဓာကိုယ်ဖြစ်နေပါလိမ့်မယ်။

အရောင်စပ်ထားတာမျိုး ၊ ခါးနေရာမှာပိုပြီး ပိုလွင်စေမဲ့အရောင်မျိုးတင်ထားတာတွေ ၊ ခါးနေရာ အလှဆင်ထားတဲ့ပုံစံမျိုးတွေကိုရွေးချယ်ပြီးဝတ်ဆင်ပေးပါ ။အောက်ပိုင်းကျပ်နေတဲ့အ၀တ်အစားတွေကို ကိုယ့်ရဲ့ တင်ပါးတွေ ပေါင်တံတွေ ပိုကြီးတယ်လို့တောင် ထင်ရစေပါတယ်။စကပ်ရွေးချယ်တဲ့အခါမျိုးမှာ dress နဲ့ပြောင်းပြန် အောက်ကားနေတဲ့ စကပ်မျိုး ထက် အောက်ပိုင်းကို ကျပ်နေတဲ့ စကပ်မျိုးက ခန္ဓာကိုယ်နဲ့လိုက်ဖက်ပါတယ်။စကပ်ကို ခုခေတ်ပုံစံအတိုင်း ချပ်အပေါ်ထိ တက်ဝတ်ပြီးဒူးအပေါ်နားကို ကျပ်နေတဲ့စကပ်မျိုးကိုေ၇ွးချယ်ပေးရမှာဖြစ်ပါတယ်။



Follow us on