1. Home
  2. Movie Stars - Celebrity

အရူးလွယ်အိတ်လို့အပြောခံလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ နေခြည်ဦး

Movie Stars - Celebrity ส.ค. 19, 2562 view 1,569

အချိန်တိုလေးအတွင်းမှာပင် မြန်မာနိုင်ငံရဲ့အထင်ရှားဆုံး၊ နာမည်အကြီးဆုံး Beauty Blogger တစ်ယောက်ဖြစ်လာတဲ့ နေခြည်ဦးကတော့ သူမရဲ့အောင်မြင်မှုတွေကို ဒီမှာတင်ရပ်မတန့်သေးပဲ အနုပညာလောကထဲဝင်ကာ သရုပ်ဆောင်တစ်ယောက် ခြေလှမ်းသစ်စတင်နေသူလည်းဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတစ်ခွင်နဲ့ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားထားနိုင်တဲ့ နေခြည်ဦးကတော့ တစ်ခြားအနုပညာရှင်တွေနဲ့မတူပဲ မိန်းကလေးပရိသတ်များစွာရဲ့ အခိုင်အမာဝန်းရံအားပေးခြင်းခံထားရသူပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

နေခြည်ဦးဟာဆိုရင် မိန်းကလေးတွေရဲ့ အလှအပရေးရာကိစ္စများနဲ့ပတ်သက်ပြီး အမြဲတစေ အကြံကောင်း၊ ဥာဏ်ကောင်းတွေကို လက်ဆင့်ကမ်းမျှဝေပေးလေ့ရှိတာမို့ မိန်းမသားထုကြီးရဲ့ အားကိုးအားထားရာတစ်ခုဖြစ်လို့နေတာပါ။ သူမရဲ့နေထိုင်မှုဘ၀ပုံစံကို မဖုံးကွယ်ထားပဲ အရှိကိုအရှိတိုင်း ပွင့်ပွင့်လင်းလင်းချပြတတ်သူဖြစ်ပြီး အမြဲယုံကြည်မှုရှိရှိနဲ့ သွက်လက်ထက်မြက်သူဖြစ်တာကြောင့် တစ်ချို့သောသူတွေရဲ့ စံပြပုဂ္ဂိုလ်အဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

ခြည်ခြည်ကတော့ သူမကိုယ်တိုင်ကအလှအပကြိုက်သူတစ်ဦးဖြစ်ပြီး နာမည်ကြီးဆယ်လီတစ်ယောက်လည်းဖြစ်တာကြောင့် ဖက်ရှင်ပိုင်းနဲ့ပတ်သက်ရင် အမြဲခေတ်နဲ့အညီ တစ်ပြေးတည်းဖြစ်နေသူပါ။ နေခြည်ဦးကတော့ မနေ့ကပြုလုပ်ခဲ့တဲ့ Vivo ရဲ့ဆိုင်သစ်ဖွင့်ပွဲမှာလည်း အသွင်ဆန်းတဲ့အိတ်လေးလွယ်ပြီး ပွဲတက်ခဲ့တာကိုတွေ့ရပါတယ်။ နေခြည်လွယ်လာတဲ့အိတ်ကတော့ Chanel Brand ရဲ့ 2019 latest design side-pack ဘေးလွယ်အိတ်လေးဖြစ်ပြီး လွယ်အိတ်နှစ်လုံးကို ကြိုးတစ်ချောင်းနဲ့ လွယ်ရတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်။ ဖက်ရှင်ရေစီးကြောင်းနဲ့အညီဝတ်ဆင်ခဲ့ပေမယ့် နေခြည်ဦးတစ်ယောက် သူမရဲ့လွယ်အိတ်ကို အရူးလွယ်အိတ်လို့အပြောခံခဲ့ရပါတယ်။

သူမလွယ်ထားတဲ့အိတ်ကို အရူးလွယ်အိတ်လို့ အပြောခံလိုက်ရတာကြောင့် နေခြည်ဦးတစ်ယောက် တော်တော်လေးစိတ်မကောင်းဖြစ်လို့နေပါတယ်။ ထိုအကြောင်းနဲ့ပတ်သက်ပြီး ခြည်ခြည်ကသူမရဲ့ဖေ့စ်ဘွတ်မှာ “မရှင်းပြချင်တော့ပါဘူး ဒါပေမယ့်... 2019 Side-Packs တွေကိုမှ အရူးလွယ်အိတ်လို့ အပြောခံရတာတော့ စိတ်မကောင်းဘူး” ဆိုပြီး ရေးတင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ခြည်ခြည်ကတော့ ဖက်ရှင်ရေစီးကြောင်းကိုမသိနားမလည်ပဲ ပြောဆိုဝေဖန်နေသူတွေကြောင့် အတော်လေးစိတ်မကောင်းဖြစ်နေပုံပါပဲနော်။

 

(ပိုပိုလေး)



Follow us on