1. Home
  2. International News

အိုင်ဖုန်းကို ဟက်နိုင်သူကို ဒေါ်လာသန်း (၁) ချီးမြှင့်မယ်လို့ Apple ကြေညာ

International News ส.ค. 16, 2562 view 1,686

အိုင်ဖုန်း product တွေဟာ ကမ္ဘာ့ ပေါ်မှာ ဈေးအကြီးဆုံး အိုင်တီ ပစ္စည်းတွေဖြစ်ကြပြီး လုံခြုံရေးစနစ်လည်း အလွန် ကောင်းမွန်ကြပါတယ်။ ပြီးခဲ့တဲ့ အပါတ်က Apple  ကုမ္ပဏီဟာ သူတို့ ရဲ့ product တွေဖြစ်ကြတဲ့ အိုင်ဖုန်း နဲ့ Mac ပစ္စည်းတွေကို အဝေးမှဟက်နိုင်တဲ့ ဟက်ကာတွေကို အမေရိကန် ဒေါ်လာ (၁) သန်းဆုချသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အရင်က ဟက်နိုင်သူတွေကို ဒေါ်လာ (၂၀၀၀၀၀) သိန်းချီမြင့်မယ်လို့ နည်းပညာကုမ္ပဏီကြီးများက ၂၀၁၆ ခုနှစ်မှာ ကြေညာထားပြီးဖြစ်သော်လည်း ယခုအခါ ဆုကြေးငွေကို တိုးမြင့်သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။ အိုင်ဖုန်း product တွေဟာ လုံခြုံရေးကို ဘယ်လောက်ထိ အာမခံနိုင်တယ်ဆိုတာပြသကြောင်း နည်းပညာနဲ့ပါတ်သတ်ပြီး လုံခြုံမှုရှိစေနိုင်ဖို့ စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန်နိုင်ငံ လက်ဗီးဂတ်မှာပြုလုပ်ခဲ့တဲ့ နည်းပညာပွဲကြီးမှာ အိုင်ဖုန်း နဲ့ Mac ပစ္စည်းတွေကို ဟက်နိုင်သူတွေကို ဆုချီမြင့်သွားမယ် အစီအစဉ်ကို နည်းပညာလုံခြုံရေးအကြီးအကဲ Ivan Krstić  က  ကြေညာခဲ့တာ ဖြစ်ပါတယ်။

အက်ပဲလ် စီအီးအို တင်ကွက်ခ်က သုံးစွဲသူတို့ရဲ့  ပုဂ္ဂိုလ်ရေးရာအချက်အလက်များ ခိုးယူမခံရစေရေးကို အလေးထားပြီး လုံခြုံရေးပိုင်းမှာ ဟက်ကာအကြီးစားတွေထံမှ ခိုးယူမှု မပြုလုပ်နိုင်ဖို့ ရည်ရွယ်လို့ သိရပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ ဇူလိုင်လက Google က Chrome browser မှ ပြစ်ချက်များကို ရှားပေးနိုင်သူကို ဒေါ်လာ (၃၀၀၀၀) ချီမြင့်မယ်လို့လည်း ကြောညာထားပါတယ်။

Ref ; forbes

 



Follow us on