1. Home
  2. Movie Stars - Celebrity

ကျန်းမာရေးကြောင့် မျက်လုံးခွဲစိတ်ကုသမှုပြုလုပ်ခဲ့တဲ့ မေမြင့်မိုရ်

Movie Stars - Celebrity ส.ค. 16, 2562 view 1,695

MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ သရုပ်ဆောင်မေမြင့်မိုရ်ဟာဆိုရင် ချစ်စရာကောင်းတဲ့အပြုံလေးတွေကို ပိုင်ဆိုင်ထားတဲ့ မိန်းမချောလေးတစ်ဦးပါ။ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်အင်အားအခိုင်အမာရရှိထားတဲ့ မေမြင့်မိုရ်ကတော့ ကိုကိုတွေ၊ မောင်မောင်တွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းခံထားရသူလေးလည်း ဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အနုပညာအလုပ်တွေနဲ့ပတ်သက်ရင် အမြဲတစေကြိုးစားနေတဲ့သူမကတော့ ရုပ်သံဇာတ်လမ်းတွဲများစွာကိုရိုက်ကူးနေပြီး ကြော်ငြာရိုက်ကူးမှုတွေနဲ့ ပွဲအခမ်းအနားတွေတက်ရောက်နေတာကို တွေ့ရပါတယ်။ သူမရဲ့နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ ပုဂံမြို့သူဇာတ်လမ်းနဲ့ အရိပ်ဇာတ်လမ်းတွဲတို့ကိုလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ရပြီး မကြာခင်ရက်ပိုင်းမှာလည်း သူမပါဝင်ရိုက်ကူးထားတဲ့ အချစ်ဆုံး Crush ဆိုတဲ့ရုပ်ရှင်ကားကြီးကိုလည်း ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ မေမြင့်မိုရ်က မျက်လုံးကျန်းမာရေးမကောင်းတာကြောင့် ခွဲစိတ်ကုသမှုခံယူထားတယ်လို့သိရပါတယ်။ မျက်စိအဝေးမှုန်ဖြစ်နေတဲ့ မေမြင့်မိုရ်ဟာ ဒီမျက်လုံးကြောင့်ပဲ သူမနဲ့ရင်းနှီးသူတွေကြားမှာ အထင်အမြင်လွဲမှားခြင်းတွေ ဖြစ်ခဲ့သေးတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် အဝေးမှုန်ဖြစ်နေတဲ့ သူမရဲ့မျက်လုံးကို လေဆာကုသမှုခံယူခဲ့တာဖြစ်ပြီး လတ်တလောမှာ ဆိုရှယ်မီဒီယာတွေကိုအသုံးမပြုပဲ အနားယူနေတယ်လို့ဆိုပါတယ်။ ဒီအကြောင်းကိုတော့ မေမြင့်မိုရ်က သူမရဲ့ဖေ့စ်ဘွတ်မှာရေးသားကာ အားလုံးကိုအသိပေးပြောကြားထားတာဖြစ်ပါတယ်။

မေမြင့်မိုရ်က “မျက်လုံးပါဝါကို လေဆာနဲ့ဖျောက်ချင်နေတာကြာပြီ အနားယူဖို့အချိန်ပေးရမှာနဲ့ အလုပ်တွေမအားတာနဲ့ ခုမှသေချာအချိန်လေးပေးပြီးလုပ်ဖြစ်တယ် ... အခုတော့ မှုန်ဝါးဝါးဖြစ်နေတဲ့အချိန်တွေအားလုံးပြီးသွားပြီ.. အရာအားလုံးကိုရှင်းရှင်းလင်းလင်းနဲ့ ကြည်ကြည်လင်လင်လေးမြင်ရပြီ… လေဆာပစ်ပြီး ၁လအကြာဆို အခုထက်ပိုပြီးလုံးဝကိုကြည်ကြည်လင်လင်မြင်ရပြီတဲ့.. အရင်ကဆို မေကမျက်မှန်ရော မျက်ကပ်မှန်ရောမတပ်ဖြစ်ဘူး.. ကားမောင်းတဲ့အချိန်လောက်ပဲ မျက်မှန်တပ်ဖြစ်တော့ မျက်လုံးပါဝါတွေကတဖြည်းဖြည်းနဲ့ပိုတက် မျက်ကြောတွေကလဲကိုက် ကိုယ်ခင်တဲ့သူတွေ ရင်းနှီးတဲ့သူတွေ မိတ်ဆွေဆရာသမားတွေနဲ့တွေ့ရင်တောင် အဝေးမှုန်ပါဝါက (၃၀၀) ဆိုတော့နည်းနည်းလေးဝေးရင်တောင်မမြင်ရဘူး…

တစ်ချို့ကမခေါ်ချင်လို့ ချေသွားတယ်ဆိုပြီးထင်ကြတာ.. လူများတဲ့ပွဲတွေမှာဆိုပိုဆိုးသေးတယ် အနီးကပ်တွေ့တော့မှပဲသေချာလေးနှုတ်ဆက်ဖြစ်တော့တယ် ရင်းနှီးတဲ့သူတွေဆိုရင်တော့မမြင်ရလို့တွေ့ရင်လှမ်းခေါ်နော်ဆိုပြီးပြောထားရတယ်… အခုတော့ IQ Vision မှာ မျက်လုံးလေဆာဖျောက်လိုက်ပြီးတော့ ကြည်ကြည်လင်လင်လေးမြင်ရပြီဆိုတော့ အဲ့လိုတွေမဖြစ်တော့ဘူး.. အခုတော့မျက်လုံးလေးက ကြည်ကြည်နဲ့ပြန်မြင်နေရနေပြီဆိုတော့ စိတ်ချမ်းသာပြီးအရမ်းကိုပျော်နေပါပြီ.. မေ့လိုမျက်လုံးပါဝါများတဲ့သူတွေ မျက်လုံးကိုလေဆာဖျောက်ချင်တဲ့သူတွေလဲစိုးရိမ်စရာမရှိပဲ မျက်လုံးလေးကိုအမြင်ကြည်ကြည်လင်လင်လေးဖြစ်သွားအောင် မျက်လုံးလေဆာပစ်ဖို့ မေကအကြံပေးချင်ပါတယ်… ကိုယ်တိုင်လဲအရမ်းးကိုသဘောကြလို့ပါ...

ဒီရက်ပိုင်းမျက်လုံးလေဆာပစ်ထားတော့ဖုန်းသိပ်မသုံးဖြစ်ပဲ မျက်လုံးလေးအနားယူလိုက်ဦးမယ်နော်” ဆိုပြီးရေးကာ သူမလိုမျက်လုံးပါဝါများသူတွေလည်း လေဆာပစ်ပြီးကုသမှုခံယူနိုင်ကြောင်း တိုက်တွန်းသွားတာဖြစ်ပါတယ်။

မေလေးကတော့ အမြင်အာရုံတွေရှင်းရှင်းလင်းလင်းဖြစ်သွားလို့ အတော့်ကိုပျော်နေပုံပါပဲနော်…ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးကို ပိုပိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

 

(ပိုပိုလေး)



Follow us on