1. Home
  2. Football

Super Cup ဖိုင်နယ်မှာ ပင်နယ်တီလွှဲချော်ခဲ့တဲ့အပေါ် ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ် ဘာပြောလဲ

Football ส.ค. 16, 2562 view 1,523

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကစားခဲ့တဲ့  FIFA Super Cup ဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်ထိ  ခံယူခဲ့ရပြီး လီဗာပူးလ်အသင်းက ချဲလ်ဆီးအသင်းကို (၇-၅) ဖြင့်အနိင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ ချဲလ်ဆီးအသင်းတိုက်စစ်မှူး အေဘရာဟမ်ဟာ နောက်ဆုံး (၅) လုံးမြောက် ပင်နယ်တီကို ကန်ခွင့်ရခဲ့ပြီး လီဗာပူးလ်ဂိုးသမား အန်ဒရီယန် က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

အဆိုပါ ပင်နယ်တီ လွှဲချော်မှုနဲ့ ပါက်သတ်ပြီး အေဘရာဟမ်က “ကျွန်တော်ဟာ ပင်နယ်တီ ကန်သွင်းရာမှာ ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီကလည်း ပင်နယ်တီ အများအပြားကန်ခွင့်ရခဲ့ပြီး အရေးပါတဲ့ ပွဲစဉ်တွေ ပါဝင်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ပွဲကလည်း တစ်ကယ် အရေးပါတဲ့ပွဲပါ။ ပင်နယ်တီဟာ တစ်ကယ်တော့ တစ်ကယ့်ထိပ်တန်း ကစားသမားတွေတောင်မှ လွှဲချော်တတ်ပါတယ်။

ဒါကို အတွေ့ အကြုံအနေနဲ့ သင်ခန်းစာယူပြီး အကောင်းဆုံး ရှေ့ဆက်သွားမှာပါ။ လက်စတာနဲ့ ပွဲကိုလည်း အကောင်းဆုံးပြင်ဆင်သွားမှာပါ ။ အသင်းမှ ကစားသမားတွေကလည်း စိတ်ထဲမထားဘဲ အကောင်းဆုံး ရှေ့ ဆက်သွားဖို့ပဲ အားပေးကြပါတယ်။ အသင်းဖော်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ” လို့ပြောပါတယ်။

အေဘရာဟမ်ဟာ ချဲလ်ဆီးအသင်း၏ ဂန္ဓဝင်ကျော်နံပါတ်ဖြစ်တဲ့ နံပါတ် (၉) ကိုဝင်ဆင်ခွင့်ရခဲ့ပြီး နည်းပြ လမ်းပတ် လက်အောက်မှာ ပွဲထွက်ခွင့်ရရှိနေပါတယ်။ မနှစ်က ဗီလာအသင်း အငှားသွားရောက်ခဲ့ပြီး ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီမှာ နည်းပြလမ်းပတ်အောက်မှာ လက်တွဲခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။



Follow us on