1. Home
  2. International News

ဖေ့စ်ဘုတ်ဟာ Messenger သုံးစွဲသူတွေရဲ့ အသံဖိုင်တွေကို နားထောင်ခဲ့တယ်လို့ သိရ

International News ส.ค. 15, 2562 view 1,488

နေ့စဉ် အသုံးပြုနေတဲ့ ဆိုရှယ် မီဒီယာ ဖေ့စ်ဘုတ်ဟာ Voice Assistants တိုးတက်ကောင်းမွန်စေဖို့အတွက် သုံးစွဲသူတွေရဲ့ မက်ဆေ့ဂျာမှ အသံဖိုင်တွေကို နားထောင်အသုံးပြုခဲ့တယ်လို့ သိရပြီး ယခုအချိန်မှာတော့ ရပ်တန့်လိုက်ပြီလို့ သိရပါတယ်။ Facebook ဟာ အဆိုပါ ပရောဂျက်ကို လုပ်ဆောင်ဖို့အတွက် ၀န်ထမ်းတွေ ငှားရမ်းပြီး Messenger App မှ အသံဖိုင်တွေကို လေ့လာဆန်းစစ်ခိုင်းခဲ့တယ်လို့ Bloomberg ရဲ့ သတင်းအရ သိရပါတယ်။

Facebook Messenger မှ အသံဖိုင်တွေကို ဘာသာပြန်စာသားအဖြစ် ပြောင်းလဲဖို့အတွက် အဆိုပါ ပရောဂျက်ကို  အသံဖိုင်တွေကို နားထောင်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေကို အသိပေးခဲ့ချင်းမရှိဘူးလို့ သိရပြီး ယခုအခါမှာတော့ အဆိုပါပရောဂျက်ကို ရပ်တန့်လိုက်ပြီလို့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက Google ဟာလည်း ပိုကောင်းတဲ့ Voice Assistants တိုးတက် ကောင်းမွန်စေဖို့အတွက် အသံဖိုင် ၁၀၀၀ ကျော်ကို စမ်းသပ်အသုံးပြုခဲ့တယ်လို့  Belgian public news  VRT က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စမ်းသပ်မှုရဲ့  အသံဖိုင် ၁၅ % ခန့်မှာ လူတွေက သူတို့ရဲ့  ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပြောဆိုထားတဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Google ကလည်း အဆိုပါ စမ်းသပ်မှုကို ရပ်တန်ု့လိုက်ပြီ လို့သိရပါတယ်။

အလားတူပဲ Apple ကလည်း ပြီးခဲ့တဲ့ အပါတ်လောက်က ဖေ့စ်ဘုတ်လိုမျိုး သုံးစွဲသူတွေရဲ့ အသံဖိုင်တွေကို လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့ပါသေးတယ်။ ဖေ့စ်ဘုတ်က သုံးစွဲသူတွေကို ပိုမိုလွယ်ကူစေဖို့အတွက် အဆိုပါ ပရောဂျက်ကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Ref ; theguardian

 



Follow us on