1. Home
  2. International News

လေယာဉ်မယ်တစ်ဦး ခြင်ကိုက်ခံရပြီး သုံးရက်အကြာမှာ ကွယ်လွန်

International News ส.ค. 08, 2562 view 2,476
ခြင်တွေဟာ လူတွေအတွက်တော့ ဘာတစ်ခုမှကောင်းကျိုးမပေးတဲ့ အင်းဆက်ပိုးမွှားတွေဖြစ်တာကြောင့် ဘယ်သူကမှလည်း မနှစ်မြိုပါဘူး။ ခြင်ကိုက်ခံရတဲ့အခါ အဖုအပိန့်တွေထကာ ယားယံတဲ့ ခံစားမှုကို ဖြစ်စေတဲ့အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတဲ့ ရောဂါတွေပါ ကူးစက်ခံရတတ်ပါတယ်။
 
ထိုင်းနိုင်ငံက အသက် ၂၅ နှစ်အရွယ် လေယာဉ်မယ် “Apitchaya Jareondee” ဟာ ခြင်ကိုက်ခံခဲ့ရပြီးနောက် အပြင်းဖျားနာခဲ့ပြီး ၃ ရက်အကြာ ဆေးရုံပေါ်မှာ သေဆုံးသွားခဲ့ပါတယ်။
 
 
သူမနဲ့အတူ မိသားစုဝင်အချို့ပါ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူချိန်တက်ခြင်း စတဲ့ ဝေဒနာတွေခံစားရပြီး အပြင်းဖျားခဲ့ကြပါတယ်။ သူတို့အားလုံးကို ချင်းမိုင်မှာရှိတဲ့ Lanna ဆေးရုံကိုတင်ပို့ပြီး ကုသခဲ့ကြပါတယ်။ 
လေယာဉ်မယ်ဖြစ်သူကတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ အခြေအနေပိုဆိုးလာကာ ခြင်ကိုက်ခံရရာမှ ရောဂါပိုးဝင်ခဲ့ပြီး ခန္ဓာကိုယ်တွင်းသွေးယိုခြင်း အတွင်းကလီစာများ ပျက်ဆီးချို့ယွင်းမှုတွေကြောင့် သြဂုတ်လ ၅ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။
 
 
Apitchaya Jareondee ဟာ ထိုင်းလေကြောင်းလိုင်းဖြစ်တဲ့ Lion Air မှ လေယာဉ်မယ်တစ်ဦးဖြစ်ပြီး ခြင်ကိုက်ခံရပြီး ၃ ရက်မြောက်တဲ့နေ့မှာပဲ ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်မို့ အခုလိုရာသီမှာ ခြင်ကိုက်မခံရအောင် လုံလုံခြုံခြုံဝတ်စားနေထိုင်ကြဖို့ ထပ်လောင်း သတိပေးလိုက်ပါရစေ..။
 
ခြင်ကိုက်ခံရတာကြောင့် အခုလိုမျိုး အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်တာကိုတောင် လျှစ်လျူရှုပြီး တိရိစ္ဆာန်အခွင့်အရေး တန်းတူညီမျှရရေး လှုပ်ရှားသူအချို့က ခြင်ကိုက်တဲ့အခါ မရိုက်ပဲ ရက်ရက်ရောရော သွေးလှူတယ်လို့ သဘောထားဖို့ နှိုးဆော်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သတင်းမှာ ပါလာခဲ့ပါသေးတယ်။
 
အပြည့်အစုံဖတ်ရှုရန် >>  ခြင်ကိုက်ရင် မရိုက်ကြဖို့ တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများ နှိုးဆော်
 


Follow us on