1. Home
  2. Football

အင်တာမီလန်အသင်းကို ပြောင်းရွေ့ ဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ လူကာကူ

Football ส.ค. 08, 2562 view 1,397

မန်ယူအသင်းဟာ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူကို ပေါင်(၇၂)သန်းဖြင့် စီဒီးအေ ကလပ် အင်တာမီလန်အသင်းကို ရောင်းချရန် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ လူကာကူကို တစ်ပါတ်လုပ်ခ (၃) သိန်းပေးချေသွားမှာဖြစ်ပြီး (၅) နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

မန်ယူတိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းတာဝန်ရှိသူတွေနဲ့ ပြသာနာဖြစ်ပွားခဲ့ပြီး အသင်းကနေ ထွက်ခွာစေဖို့အထိ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး ဆက်ဆံရေးတင်းမာမှုတွေဖြစ်လာပြီး မန်ယူအသင်းက ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လူကာကူဟာ မန်ယူအသင်းရဲ့ ခွင့်ပြုချက်မရှိဘဲ အန်ဒါလက် ယူ-၁၈ အသင်းနှင့် လေ့ကျင့်ခန်းဆင်းခဲ့တာကြောင့် သူ့ ကို မန်ယူအသင်းက ဒဏ်ကြေးချမှတ်ခဲ့ပါသေးတယ်။ ထို့နောက် လူကာကူ အေဂျင့်ဖြစ်သူ ဖက်ဒရီကိုပတ်စတိုရယ်ဟာ လန်ဒန်သို့ရောက်ရှိလာပြီး အင်တာမီလန်သို့ ပြောင်းရွေ့ ဖို့ ကြိုးပမ်းဆောင်ရွတ်ခဲ့ပါတယ်။

လူကာကူဟာ အင်တာမီလန်အသင်းသို့ ပေါင် (၇၂) သန်းဖြင့် အပြောင်းအရွှေ့ ဟာ စီးရီးအေ ဘောလုံးလောကတွင် စတုတ္ထကြေးအကြီးဆုံးအပြောင်းအရွှေ့အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ လူကာကူဟာ ၂၀၁၇ ခုနှစ်က အဲဗာတန်အသင်းမှ ပြောင်ရွေ့ ကြေး ပေါင် (၇၅) သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ (၉၆)ပွဲကစားကာ (၄၂)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

 



Follow us on