မန်စီးတီး ဂိုးသမား ကလော်ဒီယို ဘရာဗိုဟာ တောမီးလောင်ကျွမ်းမှုကြောင့် အိမ်ရာမဲ့ဖြစ်နေတဲ့ မိသားစု လေးစုကို အိမ်လေးလုံး ဝယ်ပြီး ကူညီပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်က ချီလီနိုင်ငံမှာ တောင်မီးကြောင့် လူ (၁၁) ဦးသေဆုံးခဲ့ပြီး နေအိမ်တွေ ၊ အဆောက်အဦးတွေ (၃၀၀၀) ကျော်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ တောင်မီးကြောင့်ပဲ မိသားစုတွေ နေရေး ၊ ထိုင်ရေးအတွက် အခက်အခဲတွေ ကြုံကြရပါတယ်။
အဲ့အချိန်က မီးဘေးဒုက္ခသင့်ခဲ့ရတဲ့ အသက် ၉ နှစ်အရွယ် ကာမီလို ဆိုတဲ့ ကောင်လေးဟာ ဘရာဗိုကို အထူးနှစ်သက်သဘောကျသူပါ။ ကာမီလိုဟာ ဘရာဗိုထံမှ လက်မှတ်ထိုးထားတဲ့ အင်္ကျီကို ပေးဖို့ တောင်းခံခဲ့ပါတယ်။
ဘရာဗိုဟာ ကာမီလိုကို စုံစမ်းသိရှိခဲ့ပြီးနောက် အင်္ကျီအပြင် ဒုက္ခရောက်နေကြတဲ့ ကာမီလို မိသားစုကို လိုတာထက် ပိုပြီး အကူအညီပေးခဲ့ပါတယ်။ သူတက်နိုင်တဲ့ဘက်ကနေ ကာမီလို မီသားစုအပြင် အခြားမိသားစု လေးစုအတွက် အိမ်ဝယ်ပြီး အကူအညီပေးခဲ့ပါတယ်။ ဒါကို ကာမီလို အဖိုးဖြစ်သူ မီဂွယ်က ဘရာဗိုရဲ့ ကြင်နာတဲ့ စိတ်ထားကို သတင်းဋ္ဌာနတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
မီဂွယ်က “ကျွန်တော့ မြေးလေးဟာ ဘရာဗိုကို အထူးနှစ်ခြိုက်အားပေးသူ ဖြစ်ပါတယ်။ သူဟာ ဘရာဗိုထံမှ အင်္ကျီအလိုရှိခဲ့ပါတယ်။ ဘရာဗိုကလည်း ကျွန်တော့ မြေးလေးကို ဆက်သွယ်ရရှိခဲ့ပြီး အင်္ကျီပေးခဲ့ပါတယ်။ ဒါအပြင့် ဒုက္ခရောက်နေကြတဲ့ ကျွန်တော်တို့မိသားစုကို အိမ်တစ်လုံးပါ အပို ကူညီခဲ့ပါသေးတယ်။ သူဟာ စိတ်ထားကောင်း ရှိသူပါ ၊ ကျွန်တော်တို့ သူအကူအညီမရခင်က ဘာလုပ်လို လုပ်ရမှန်းမသိ အကြီးအကျယ် စိတ်ဓါတ်ကျနေခဲ့ရပါတယ်။ အိမ်တစ်လုံးရဖို့ဆိုတာ လုံးဝခက်ခဲ့ပါတယ်။ ထို့နောက် စိတ်ထားကောင်းတဲ့ ဘရာဗိုထံမှ ကြီးမားတဲ့ အကူအညီ ရခဲ့တာပါပဲ ”လို သတင်းဋ္ဌာန တစ်ခုမှာပြောကြားခဲ့ပါတယ်။
ဘရာဗိုဟာ ချီလီ အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဦးဖြစ်ပြီး နိုင်ငံလက်ရွေးစင် ပွဲပေါင်း (၁၁၉) ပွဲကစားထားပါတယ်။ သူတို့ ဇနီးမောင်နှံဟာ တောင်မီးကြောင့် ဒုက္ခရောက်နေကြရတဲ့ ဆန်တီယာအို ရဲ့ တောင်ဘက် မိုင် ၃၃၀ အကွာက ဆန်တာအိုဂါ ဒေသ ကို သွားရောက် ကြည့်ရှု ခဲ့ပါတယ်။
comment