အာဆင်နယ်အသင်းဟာ လိုင်လီ တိုက်စစ်ကစားသမား နီကိုလပ် ပီပီ ကို ပေါင် (၇၂) သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းပေါက်ကြားခဲ့ပြီး တရားဝင်အပြောင်းအရွေ ကိုတော့ မကြာခင်မှာ ထုတ်ပြန်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
အိုင်ဗရီကိုစ့် ကစားသမား ပီပီဟာ မနေ့က အင်္ဂါနေ့ မနက်ပိုင်းမှာ လန်ဒန်မြို့ သို့ ဆေးစစ်မှုခံယူဖို့ ရောက်ရှိလာခဲ့ပြီး အာဆင်နယ်အသင်းနှင့် (၅) နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ပီပီကို အတွက် ပြောင်းရွေ့ ကြေးကို (၅)နှစ် အရစ်ကျနဲ့ ပေးချေးသွားမှာဖြစ်ပြီး ပေါင် သန်း (၂၀) ကို လက်ငင်း ပေးချေသွားမှာဖြစ်တယ်လို့ Sportmail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အာဆင်နယ် အသင်းပရိတ်သတ်တွေကတော့ အူဘာမီယန်း ၊ လာကာဇက် ၊ ပီပီ တို့ရဲ့ တိုက်စစ်အတွဲကို စိတ်ဝင်စားနေပြီး သွင်းဂိုးအများအပြား သွင်းယူနိုင်မယ်လို့ မျော်လင့်နေပါတယ်။ မနှစ်က အူဘာမီယန်း ၊ လာကာဇက် တို့အတွဲမှ နှစ်ယောက်ပေါင်း သွင်းဂိုး (၅၀) ကျော်သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် နီကိုလက် ပီပီဟာ မနှစ်က ပီအက်စ်ဂျီတိုက်စစ်မှူး ဘက်ပီကိုကျော်ပြီး ပြင်သစ်လီဂူးတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ပီပီဟာ မနှစ်က လိုင်လီအသင်းအတွက် (၂၂) ဂိုးသွင်းယူပေးခဲ့ပြီး (၁၁) ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။
ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီ ၊ မန်ယူ ၊ နာပိုလီအသင်းတို့က စိတ်ဝင်စားခဲ့ပြီး ကစားသမားကိုယ်တိုင်က အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ကစားသမားခေါ်ယူရာမှာ လက်သွက်နေပြီး ဂါဘီရယ် မာတင်နေလီ ၊ ဝီလီယမ် စလီဘာ ၊ ရီးရဲလ်မက်ဒရစ်မှ စီဘယ်လော့ (အငှား)တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး နီကိုလက် ပီပီကိုလည်း မကြာခင်မှာ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
comment