လီဗာပူးလ် တိုက်စစ်မှူး မာနေးဟာ ဆင်းဆင်းရဲရဲ ဘဝကနေ အောင်မြင်တဲ့ ဘောလုံးသမားဘဝကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အခုချိန် အင်္ဂလန်မှာ လုပ်ခလစာအများအပြားရရှိနေပြီး မွေးရပ်မြေ ဆီနီဂေါမှာ ပရဟိတ အလုပ်တွေနဲ့ အလှူအတန်းတွေကို ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက သူရဲ့ မွေးရပ်မြေ ဆီနီဂေါနိုင်ငံမှာ သူဆောက်လုပ်ပေးထားတဲ့ စာသင်ကျောင်းကို သွားရောက်ကြည့်ရူခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စာသင်းကျောင်း ဆောက်လုပ်ဖို့အတွက်လည်း ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းက ပေါင်း (၂) သိန်းကို မာနေးက လှူဒါန်းခဲ့ပါတယ်။
မာနေးဟာ ဆီနီဂေါနိုင်ငံမှာ နာမည်ကျော်ကြားတဲ့ အားကစားသမားတစ်ယောက်ဖြစ်ပြီး နိုင်ငံအတွက် လူမှုအကျိုးပြုလုပ်ငန်းတွေကို တက်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ အဆိုပါ စာသင်ကျောင်း ဆောင်လုပ်မှုက (၁၅) လခန့်ကြာမြင့်နိုင်မှာဖြစ်ပြီး ကျောင်းဆောက်လုပ်ပြီးစီးပါက ကျောင်းသူ ၊ ကျောင်းသား စာသင်ကြားနိုင်တော့မှာ ဖြစ်ပါတယ်။
မာနေးက “ ပညာရေးက အရေးကြီးပါတယ်။ အာဖရိကနိုင်ငံမှာ ပညာရေးတိုးတက်ဖို့ဟာ အရေးပါတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် ကလေးသူငယ်တွေ စိတ်အေးချမ်းသာစွာ စာတွေသင်ကြားဖို့အတွက် စာသင်ကျောင်းတွေ ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်တယ်”လို့ ဆိုပါတယ်။
မကြားသေးမီကမှ ပြီးဆုံးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ မာနေးက ဆီနီဂေါအသင်းကို ဗိုလ်လုပွဲအဆင့် ထိရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းအတွက်အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေပါတယ်။ မာနေးဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက လီဗာပူးလ်အသင်းနဲ့ (၅) နှစ်တာ ကာလရှည် စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
Ref ; givemesport
comment