1. Home
  2. International News

FaceAppဟာ သုံးစွဲသူများအတွက် အန္တာရယ်ကင်းရှင်းရဲ့ လားဆိုတာကို FBI စစ်ဆေးမည်

International News ก.ค. 23, 2562 view 1,905

အခုလတ်တလော လှုမူကွန်ယက်မှာ FaceApp အက်ပလီကေးရှင်းကို အသုံပြုပြီး မိမိရုပ်ကို အသက်အရွယ်အလိုက ပုံစံ အမျိုးအမျိုးပြောင်းပြီး လှုမူကွန်ယက်မှာ တင်လာကြပါတယ်။ ကမ္ဘာ့ ကျော် ဆယ်လီဘလယ်တီတွေ ၊ နာမည်ကျော် အားကစားသမားတွေက အစချီပြီး လူအများစုဟာ FaceApp ကို အသုံးပြုပြီး လူမူကွန်ယက်မှ တင်လာကြပါတယ်။

အခုအခါမှာတော့ ထို အက်ပလီကေးရှင်းဟာ သုံးစွဲသူ ဒေတာများကို အလွဲသုံးစားဖြစ်သလား ၊ နိုင်ငံလုံခြုံရေးအတွက် ထိခိုက်စေနိုင်သလား ဆိုတာကို FBI နှင့် FTC တို့က စုံစမ်းစစ်ဆေးသွားတော့မှာ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်မှ လွတ်တော်အမတ်ဖြစ်သူ Chuck Schumer ဟာ အခုလတ်တစ်လော လူမှုကွန်ယက်ပေါ်မှာ ခေတ်စားနေတဲ့ FaceApp အသုံးပြုပြီး အသက်အရွယ်အလိုက် ပုံစံပြောင်းလဲစေမှုဟာ သုံးစွဲသူတွေကို နစ်နာစေနိုင်သလားဆိုတာကို စုံးစမ်းစစ်ဆေးပေးဖို့ FBI နှင့် FTC တို့ထံမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

FaceApp ဟာ ရုရှား Developer မှ ဖန်တီးထားတာဖြစ်ပြီး ညဏ်ရည်တုနည်းပညာကို အသုံးပြုကာ ဓါတ်ပုံများမှ သင့်မျက်နှာကို သက်ကြီးရွယ်အို ပုံစံဖြစ်အောင် အသွင်းပြောင်းပေးနိုင်တဲ့ အက်ပလီကေးရှင်း တစ်ခုဖြစ်ပါတယ်။ ထိုအက်ပလီကေးရှင်းဟာ လူပုံစံကို ပြောင်းလဲပေးရုံသာမက ယောင်္ကျားကနေ မိန်းမ ၊ ဆံပင်ပုံစံ ၊ မျက်မှန် ဒီဇိုင်း စတဲ့ ပုံစံတွေကိုလည်း ပြောင်းလဲပေးနိုင်တာဖြစ်ပါတယ်။

FaceApp ဟာ အသုံးပြုတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဓါတ်ပုံတွေကို ရယူနေပြီး နောင်တစ်ချိန်မှာ သင့်ရဲ့ မျက်နှာဒေတာကို အသုံးချပြီး ခရစ်တစ်ကဒ် ၊ ငွေရေးကြေးရေး ကိစ္စများ ခိုးယူသွားနိုင်တာကြောင့် သတိထားရမယ်လို့ စီးပွားရေးနည်းပညာကျွမ်းကျင်သူ Steve Sammartino က ပြောပါတယ်။

FaceApp ကို IOS နဲ့ Android နှစ်မျိုးစလုံးမှာ ဒေါင်းလုပ်လုပ်သူ အတော်အများအပြားဖြစ်လာပြီး ဖေ့စ်ဘုတ် ၊ တွက်တာ တို့မှာလည်း FaceAppဖြင့် ဖန်တီးထားတဲ့ ဓါတ်ပုံတွေ မျှဝေမှုတွေ မြင့်တက်နေပါတယ်။

Ref; Forbusiness and daily siginal

 



Follow us on