1. Home
  2. Movie Stars - Celebrity

ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး သက်ငယ်မုဒိမ်းမှုကို ထင်ဟပ်ပြသနေတဲ့ Silenced ရုပ်ရှင်ဇာတ်ကား

Movie Stars - Celebrity ก.ค. 05, 2562 view 2,711

2011 ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Silenced ရုပ်ရှင်ဇာတ်ကားဟာဆိုရင် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ Silenced ရုပ်ရှင်ကားကြီးမှာ Train To Busan မှ မင်းသား Gong Yoo က အဓိကဇာတ်ဆောင် ကျောင်းဆရာ Kang In Ho အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရိုက်ကူးပြသအပြီးမှာ တောင်ကိုးရီးယားနိုင်ငံရှိ ပြည်သူအများသက်ငယ်မုဒိန်းမှုတွေမှာ တရားမျှတမှုတွေရရှိစေဖို့ လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်က ဘယ်လိုဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Kang Inho အမည်ရတဲ့ ကျောင်းဆရာတစ်ဦးဟာ Mujin မြို့ရှိ ဆွံ့အနားမကြားကျောင်းမှာ မသန်မစွမ်းကလေးတွေကို ကူညီဖို့ တာဝန်ကျပြီး ရောက်ရှိလာခဲ့ပါတယ်။ ဆွံ့အနားမကြား ကလေးများမို့ သေချာဂရုစိုက် သင်ကြားပေးရာက ကလေးတွေက ဆရာတွေကို ကြောက်ရွံ့ပြီး ရှောင်ဖယ်နေကြောင်း သတိထားမိလာပါတယ်။

ဒီဇာတ်ကားရဲ့ အဓိကတရားခံတွေကတော့ ကျောင်းအုပ်ကြီးနဲ့ ဖာသာ အမြွှာညီအစ်ကိုပဲဖြစ်ပါတယ်။ Mujin မြို့မှာရှိတဲ့ ဆွံ့အနားမကြားကျောင်းမှ ကျောင်းအုပ်ကြီးနဲ့ ဆရာများဟာ ကျောင်းရှိ မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို အသစ်ပြောင်းရွေ့လာတဲ့ ကျောင်းဆရာ Kang Inho သိသွားတဲ့အခါ ကလေးတွေ ဘက်က မခံမရပ်နိုင်ဖြစ်ပြီး အမှုမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ရာ တရားဥပဒေမစိုးမိုးဘဲ လာဘ်စားမှုတွေကြောင့် အမှုမှန် မဖော်ထုတ်နိုင်ပဲရှိနေခဲ့ပါတယ်။ ဒီဇာတ်ကားမှာ တောင်ကိုးရီးယားရဲ့ တရားဥပဒေမစိုးမိုးတာတွေ၊ အုပ်ချုပ်မှုညံ့ဖျင်းတာတွေ၊ လာဘ်စားမှုတွေ၊ ကြီးနိုင်ငယ်ညှင်းတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကား ရုံတင်ပြသပြီးတဲ့အချိန်မှာ ကိုးရီးယားပြည်သူတွေဟာ သက်ငယ်မုဒိမ်းမှုတွေမှာ တရားဥပဒေ စိုးမိုးမှုတွေရှိစေဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီရုပ်ရှင် ရုံတင်ပြသအပြီးမှာတော့ တောင်ကိုးရီးယားလွှတ်တော်က မဲ ၂၀၇ မဲနဲ့ နဂို ထောင်ဒဏ် ၇ နှစ်ဆိုတာထက် မသန်မစွမ်းနဲ့ သက်ငယ်မုဒိမ်းမှုကို ကြီးလေးတဲ့ပြစ်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲပြင်ဆင်နိုင်ခဲ့ပါတယ်။

Silenced ရုပ်ရှင်ကားကြောင့် အရင် အမှုမှန်မပေါ်ပေါက်ခဲ့တဲ့ အကြောင်းအရာဟာ အမှန်တရားတွေထွက်ပေါ်လာခဲ့ပြီး ကျောင်းအုပ်အပါအဝင် ကျန်ရှိတဲ့အပေါင်းအပါ တရားခံ (၁၀)ယောက်ကို ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ လွှမ်းမိုးနိုင်မှု ပြည်သူတွေရဲ့ တစ်ထောင့်တစ်နေရာက ကူညီထောက်ပံ့ပေးမှုတွေကြောင့် မသန်မစွမ်းကလေးတွေအတွက် အမှုမှန်ပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။

(ပိုပိုလေး)



Follow us on