နေပြည်တော်၊ သပြေကုန်းရပ်ကွက်က Wisdom Hill အမည်နဲ့ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက မူကြိုကျောင်းမှာ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် သမီးလေး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံလာရတာ အခုဆိုရင် ၁ လကျော်ရှိလာပြီပဲဖြစ်ပါတယ်။ သမီးလေး Victoria အတွက် နိုင်ငံတစ်ဝှမ်းမှ နာမည်ကြီး အနုပညာရှင်များ၊ socil influencers များနဲ့ ပြည်သူအများက အမှုမှန်ပေါ်ပေါက်ရေးအတွက် လူမှုကွန်ယက် facebook မှာ #justiceforvictoria ဆိုတဲ့ hastag နဲ့အတူ ဝိုင်းဝန်းဆန္ဒထုတ်ဖော်လာခဲ့ပါတယ်။ Victoria အမှုဟာ လက်ရှိမှာ CID (မှုခင်းရဲတပ်ဖွဲ့) မှ ဆက်လက်ကိုင်တွယ်ဖြေရှင်းနေတာပဲဖြစ်ပါတယ်။ သမီးလေး Victoria အတွက် အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက ဘယ်လိုကူညီသွားမယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
နေပြည်တော်က သမီးလေး victoria အမှုကို အဆိုတော် လင်းလင်းနှင့် ချစ်သုဝေတို့ မိသားစုတို့မှ အဆုံးအစွန်ထိ ကူညီသွားမည်ဖြစ်ကြောင်း လူမှုကွန်ယက်မှ တစ်ဆင့် အသိပေးလာပါတယ်။ Victoria ကိုကူညီတာဟာ လက်ခုတ်သံလိုချင်လို့ မဟုတ်ကြောင်း၊ လက်ခုတ်သံလိုချင်ရင် သူတို့လင်မယားနှစ်ယောက် လမ်းပေါ် တက်လျှောက်နေရုံပါပဲ ဆိုပြီး ပြောပြသွားပါတယ်။
သမီလေး Victoria အမှုနဲ့ပတ်သတ်ပြီး လူကယ်ပြန်ဝန်ကြီးကလဲ အသက် ၃ နှစ်နှင့် ၅ နှစ်အရွယ်များကိုသာ မူကြိုတက်ဖို့ ခွင့်ပြုသင့်ကြောင်း ထုတ်ပြန်ပြောကြားလာပါတယ်။
Victoria ရဲ့ ဖခင်ကလဲ အမှုမှန်ကို အမြန်ဆုံး ဖော်ထုတ်နိုင်ပြီး တရားခံကိုဖမ်းမိပြီးမှသာ သမီးလေးအတွက် ၊ မိသားစုအတွက် ဘဝအသစ်ကို စတင်တည်ထောင်မယ်ဆိုပြီးပြောကြားလာပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ဟာ သမီးလေးရဲ့ ၃ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး မွေးနေ့ပွဲနဲ့ ပတ်သတ်ပြီးခံစားချက်ကို အောက်ပါ အတိုင်းပြောကြားလာပါတယ်။
လက်ရှိမှာတော့ ပြည်သူများရဲ့ ဝိုင်းဝန်း တိုက်တွန်းကြတဲ့တွန်းအားကြောင့် သမ္မတရုံးတော်မှ သက်ငယ်မုဒိန်းမှုကို တစ်သက်တစ်ကျွန်းအနေနဲ့ ပြစ်ဒဏ် ချမှတ်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အဆိုတော်လင်းလင်းက “ဗစ်တိုးရီးယားလေးအတွက် ဗစ်တိုးရီးယားများစွာက ဝိုင်းဝန်းကြတာပါ။ ဝိုင်းတွန်းကြတဲ့အတွက် ဒီအရွေ့ ရွေ့ကိုရွေ့ရမယ်” ဆိုပြီး ပြောကြားထားပါတယ်။
လက်ရှိမှာ သမီးလေး Victoria အမှုကို ကျူးလွန်သူဟု သံသယရှိသူ ကိုကိုနဲ့ ညီညီ ညီအစ်ကိုနှစ်ဦးပေါ်ပေါက်လာပြီး သူတို့နှစ်ဦးရဲ့ အမှုကို ဖုံးပေးသူ ဆရာမနှင်းနု ရှိနေခဲ့တယ်ဟု စကားများထွက်ပေါ်လာပါတယ်။ သမီးလေး Victoria ရဲ့ နှုတ်မှ “ကိုကိုနှစ်ယောက်လုပ်တာ ကိုကိုနှစ်ယောက်လုပ်တာ ဆရာမနှင်းနုသိတယ်၊ ဆရာမနှင်းနု ရေဆေးပေးတယ်” ဆိုပြီးထွက်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီအမှုမှန်ကို ပေါ်ပေါက်စေဖို့ လင်းလင်းနှင့် ချစ်သုဝေတို့ဇနီးမောင်နှံမှ နောက်ဆုံးထိ လက်လျော့မည် မဟုတ်ကြောင်း အသိပေးပြောကြားလာပြီး ကျန်တဲ့ တခြားသောအနုပညာရှင်များကလဲ victoria လေးဘက်ကရပ်တည်ကြောင်း ပြသလာကြပါတယ်။
သမီးလေး Victoria ရဲ့ အမှုမှန်၊ တရားခံအမှန်ကို ရှာဖွေတွေ့ရှိနိုင်ပါစေဖို့နဲ့ သက်ငယ်မုဒိန်းမှုတိုင်းမှာ တရားဥပဒေစိုးမိုးမှုရှိစေဖို့ ပိုပိုလေးအဖွဲ့သားများမှ ဆုတောင်းပေးလိုက်ပါတယ်။
Source-Justice for victoria
(ပိုပိုလေး)