1. Home
  2. Movie Stars - Celebrity

ရင်သားကြီးအောင် အသားအစားထိုးလုပ်ခဲ့တာဆိုတဲ့ မော်ဒယ်ဖူးပွင့်ခိုင်

Movie Stars - Celebrity มิ.ย. 26, 2562 view 6,213

ယိုးဒယားမလေးလို့ထင်ရအောင် ချစ်စရာကောင်းတဲ့မျက်နှာကျ၊ မျက်နှာပေါက်လေးနဲ့ ဆွဲဆောင်မှုပြင်းတဲ့ ရှိုက်ကြီးဖိုင်အလှတရားတို့ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်ဖူးပွင့်ခိုင်ကိုတော့ ပရိသတ်ကြီးကသိပြီးသားဖြစ်မှာပါ။ Sexy model တစ်ယောက်ဖြစ်တဲ့ သူမကတော့ မခို့တရို့အမူအယာလေးတွေ၊ အသဲယားစဖွယ် ညှို့အားပြင်းတဲ့ပုံရိပ်တွေနဲ့ မကြာမကြာဖမ်းစားလေ့ရှိပြီး ပုရိဿအပေါင်းရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းခံထားရသူလေးလည်း ဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ယခုနောက်ပိုင်းဆိုရှယ်မီဒီယာ လူမှုကွန်ယက်တွေပေါ်မှာ ခေတ်စားလာတဲ့ Challenge တွေကိုစိန်ခေါ်ရင်း လူသိများထင်ရှားလာတာဖြစ်တဲ့ ဖူးပွင့်ခိုင်ကတော့ သူမရဲ့ရင်သားအလှနဲ့ပတ်သက်ပြီးလဲ နာမည်ကြီးသူတစ်ယောက်ပါ။ ပရိသတ်တွေကြားရေပန်းစားနေရတဲ့ ဖွံ့ထွားစွင့်ကားတဲ့ သူမရဲ့ရင်သားအလှနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလာပါတယ်။ ရှိပြီးသားရင်သားကို ပုံမှန်ထက်ကြီးဖို့အတွက် အသားအစားထိုးလုပ်ခဲ့ကြောင်း အင်တာဗျူးတစ်ခုကနေပြောပြသွားပါတယ်။

ဖူးပွင့်ခိုင်က သူမအနေနဲ့ Sexy model တစ်ယောက်ဖြစ်လာပုံကို “ဆက်ဆီမော်ဒယ်လုပ်တာကကျတော့ အရင်က ဓာတ်ပုံရိုက်တာ။ အဲ့မှာ သူများတွေက ကိုယ့်ရဲ့မျက်နှာနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကြိုက်တယ်ဆိုပြီးလာငှားကြတာ။ ထိုင်းမှာက ဆက်ဆီမော်ဒယ်တွေအရမ်းပေါတယ်။ ကိုယ့်ထက်ချောတဲ့သူတွေ သာတဲ့သူတွေကြီးပဲ သူတို့ကခွဲစိတ်ထားကြတာလေ။ တကယ်လို့မလှရင်တောင် သူတို့ကခွဲစိတ်ပြီးသား။ ညီမလိုပုံစံမျိုးနဲ့ဆိုဖြစ်နိုင်တယ်ဆိုပြီး အစမ်းရိုက်ကြည့်ရင်း လာငှားတဲ့သူတွေပေါလာတာ။ အဲ့တာနဲ့ တဖြည်းဖြည်းအလုပ်တွေ လက်ခံဖြစ်လာတာ။ Sexy model ကအရင်ကတည်းကလုပ်တာ 2016 လောက်ကတည်းကလုပ်တာ။ ဒါပေမယ့် မပေါက်တာ တင်လည်းမတင်ဘူး၊ ရှက်လို့။ ကိုယ်ကမြန်မာဆိုတော့ အပြောခံရမှာလည်း ကြောက်လို့။ ၂၀၁၉ ဒီနှစ်သင်္ကြန်မှာမှ ကိုယ်က Challenge ခေါ်လိုက်ရင်းနဲ့ လူသိသွားတာ” ဆိုပြီုး ပြောပြသွားပါတယ်။

သူမရဲ့လှပတဲ့ ရင်သားကိုတော့ ပုံမှန်ထက်ပိုကြီးအောင် အသားအစားထိုးမှုပြုလုပ်ခဲ့ကြောင်းကို “တစ်ခြားခွဲစိတ်ထားတာတော့မရှိဘူး။ နှာခေါင်းကလည်း အမေပေးထားတဲ့အတိုင်းပဲ။ တစ်ချို့ကရင်သားကြီးလာတယ်လို့ ပြောကြတယ်။ အရင်ကအဲ့လောက်ထိမဟုတ်ဘူး ဒါပေမယ့် Gym ဆော့တယ်။ Gym ကိုအရမ်းဆော့တယ်။ အမှန်အတိုင်းပြောရရင် အရင်ကတင်တွေဘာတွေရှိတော့ တင်ရဲ့အသားကိုရင်သားထဲထည့်လိုက်တာ။ ဒါဆီလီကွန်မဟုတ်ဘူး ကိုယ့်အသားကိုပဲပြန်ထည့်လိုက်တာ။ ခွဲစိတ်တာတို့ ဆီလီကွန်ထည့်တာမျိုးတော့ မလုပ်ဘူး၊ ကြောက်လည်းကြောက်တယ်”ဆိုကာ ရင်သားကြီးဖို့အတွက် တင်ပါးကအသားစတွေကို အစားထိုးခဲ့တာဖြစ်ကြောင်းပြောပြသွားခဲ့ပါတယ်။

ပရိသတ်ကြီးထဲမှာရော မော်ဒယ်ဖူးပွင့်ခိုင်ကို အားပေးဝန်းရံနေသူတွေရှိလား…

 

Source_အကုန်သိ

(ပိုပိုလေး)

 



Follow us on