1. Home
  2. Movie Stars - Celebrity

Kill This Love သီချင်းဆိုပြီး ကြိုဆိုတဲ့ ပဲရစ်ပရိတ်သတ်တွေကို ချစ်စဖွယ်အမူအရာနဲ့ တုံ့ပြန်လိုက်တဲ့ Lisa

Movie Stars - Celebrity มิ.ย. 26, 2562 view 2,461

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် kpop အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် လတ်တလော ပရိတ်သတ်ချစ်ခင်မှုတွေကို ပုံအောပြီးရရှိထားတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ Blinks လို့ ခေါ်တဲ့ Blackpink ပရိတ်သတ်တွေဟာဆိုရင် ကမ္ဘာအနှံ့အပြားမှာ တည်ရှိနေတာပါပဲ။ Blackpink အဖွဲ့မှ Lisa ဟာ ပြီးခဲ့တဲ့ ၂၃ ရက်နေ့မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်တဲ့ Paris Men’s Fashion Week ကို တက်ရောက်လာပါတယ်။ Lisa ရောက်လာတာနဲ့ ပရိတ်သတ်အများ ဆူညံသွားကြပြီး kill ThIS Love သီချင်း ကိုသံပြိုင်သီဆိုကာ ကြိုဆိုခဲ့ကြပါတယ်။ Lisa ဘယ်လိုမျိုး ချစ်စဖွယ် တုံ့ပြန်သွားတယ်ဆိုတာ သိရဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် read more ကိုနှိပ်ပါ<<

Lisa ဟာဒီရက်ပိုင်း ပဲရစ်မြို့က ဖက်ရှင်ရှိုးတွေကို အဖွဲ့ဝင်တွေမပါပဲ တစ်ဦးတည်းတက်ရောက်နေရတာပါ။ Lisa ဟာ ဒီရက်ပိုင်း အနည်းငယ်ပင်ပန်းနေပုံပါပဲ။ Paris Men’s fashion Week ရဲ့ Celine Show ကိုတက်ရောက်လာတဲ့ Lisa မျက်နှာ အနည်းငယ် ပင်ပန်းနေပုံပေါက်တာကြောင့် ပရိတ်သတ်တွေက Lisa ကို Kill This Love သီချင်း သီဆိုပြီး အားပေးခဲ့ကြတာပါ။

ဒါကို Lisa က ပရိတ်သတ်တွေဘက်လှည့်ကာ Kill This Love ထဲက ကကွက်လေးတွေကို ချစ်စဖွယ်ကကွက်လေးတွေနဲ့ ကပြခဲ့ပါတယ်။ Lisa တစ်ယောက် ဘော်ဒီဂတ်တွေကြားထဲကနေ ပရိတ်သတ်ကို ဘယ်လိုချစ်စဖွယ်ပုံစံနဲ့ ကပြနေတယ်ဆိုတာ အောက်ပါ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

Idols အဆိုတော်တွေရဲ့ ဘဝဟာ ပရိတ်သတ်တွေနဲ့ ရင်းရင်းနှီးနှီးနေလိုပေမဲ့ မန်နေဂျာနဲ့ ဘော်ဒီဂတ်တို့ ကြောင့် ပရိတ်သတ်နဲ့တွေ့နေရလဲ ရင်းနှီးခွင့်လေးတောင် မရှိကြပါဘူး။ Lisa ကတော့ သူ့ပရိတ်သတ်နဲ့ တွေ့စဉ်ခဏ အချိန်အခါလေးမှာ အတတ်နိုင်ဆုံး ရင်းနှီးမှုလေးတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

စင်မြင့်ထက် ဖျော်ဖြေနေတဲ့အချိန်တင်မဟုတ်ပဲ ကျန်တဲ့အချိန်တွေမှာလဲ ပရိတ်သတ်အတွက် စဉ်းစားပေးတဲ့ ချစ်ဖို့ကောင်းတဲ့ Lisa လေးပါပဲ။

Source-koreaboo

(ပိုပိုလေး)

 

 

 



Follow us on