1. Home
  2. Movie Stars - Celebrity

Blackpink အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ အားကြိုးမာန်တက်ကြိုးစားခဲ့တဲ့ Lisa ရဲ့ ငယ်ဘဝအကြောင်း

Movie Stars - Celebrity มิ.ย. 25, 2562 view 2,478

တောင်ကိုးရီးယား နာမည်ကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink မှ Lisa ဟာဆိုရင် ထိုင်းလူမျိုးတစ်ဦးပဲဖြစ်ပါတယ်။ Lisa ဟာ ၂၀၁၀ မှာ YG Entertainment က ထိုင်းနိုင်ငံမှာ လာရောက်ပြုလုပ်တဲ့ Audition မှာ တစ်ဦးတည်းသော အောင်မြင်သူဖြစ်ခဲ့ပါတယ်။ Lisa ဟာ ၂၀၁၁ မှာ kpop idol အဆိုတော်တစ်ယောက်ဖြစ်လာဖို့ ကိုးရီးယားကို သွားရောက်ပြီး YG Entertainment မှာ ထရိန်နင်ဆင်းခဲ့ပါတယ်။ ၂၀၁၁ မှာဆိုရင် Lisa ဟာ အသက် ၁၄ နှစ်သာရှိပါသေးတယ်။ Lisa တစ်ယောက် YG မှာ ဘယ်လို အခက်အခဲတွေနဲ့ လုံးပမ်းခဲ့ရတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Lisa တစ်ယောက် ကိုးရီးယားစရောက်ပြီး YG Entertainment ကို စဝင်တဲ့အချိန်တုန်းကဆိုရင် ဘာသာစကားအားဖြင့် အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ မွေးရပ်မြေကို စွန့်ခွာကာ တစ်လုံးမှနားမလည်တဲ့ ကိုးရီးယားစကားတွေကို သင်ယူရင်း အကပညာနဲ့ အဆိုပညာတို့ကို ကြိုးစားခဲ့ပါတယ်။

Lisa ဟာ ထရိန်နင်ကာလအတွင်း အပတ်တကုပ်ကြိုးစားခဲ့တာကြောင့် YG Entertainment ရဲ့ CEO ဟောင်း Yang Hyun Suk ကသတိထားမိပြီး Lisa ကို Blackpink မှာအဖွဲ့ဝင်တစ်ယောက်အဖြစ်ပါဝင်စေခဲ့တာပဲဖြစ်ပါတယ်။

ဘာသာစကားအားဖြင့် အခက်အခဲတွေအများကြီးရှိခဲ့ပေမဲ့ Lisa ကို Blackpink အဖွဲ့ဝင်တွေဖြစ်တဲ့ Jennie, Jisoo, Rose’ တို့က ကူညီကြတာကြောင့် အဆင်ပြေခဲ့တယ်လို့ Lisa ကိုယ်တိုင်ပြောပြခဲ့ဖူးပါတယ်။ ခုများတော့ Lisa ဟာ ကိုးရီးယား ဘာသာစကားကို ကိုးရီးယားလူမျိုးတစ်ယောက်လို ကျွမ်းကျင်စွာ ပြောနေနိုင်ပါပြီ။

၂၀၁၂ မေလပိုင်းမှာ YG Entertainment က ကလေးမလေးတစ်ယောက်ရဲ့ အကဗွီဒီယိုဖိုင်ကို တင်ပေးခဲ့ပါတယ်။ အမည်အားဖြင့် မဖော်ပြခဲ့ပေမယ့် အခု Blackpink ပရိတ်သတ်တွေ ပြန်လည်တူးဖော်ကြည့်တဲ့အခါ Lisa ဖြစ်နေတာကို တွေ့ရပါတယ်။ Lisa ဟာ ၂၀၁၁ မှာ ထရိန်နင်ကာလ စတင်ခဲ့ပြီး ၂၀၁၂ မှာဆိုရင် သူ ထရိန်နင်သက်တမ်း  ၁နှစ်ပဲရှိပါသေးတယ်။ တစ်နှစ်အတွင်း ဒီလောက်တိုးတက်လာတဲ့ Lisa ကို Yang Hyun Suk က အသိအမှတ်ပြုပေးခဲ့ပြီး မြေတောင်မြှောက်ပေးခဲ့တာမဆန်းပါဘူး။ ထရိန်နင်ကာက တစ်နှစ်အပြီး Lisa ရဲ့ အရည်အချင်းတွေ ဘယ်လိုတိုးတက်လာတယ်ဆိုတာ ပိုပိုလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

အခုဆိုရင် Lisa ဟာ Blackpink နဲ့အတူ ကမ္ဘာကျော်တဲ့ idols တစ်ယောက်ဖြစ်နေပါပြီ။ နိုင်ငံခြားသားမျက်နှာစိမ်းတွေကြားမှာ မလျော့သောဇွဲနဲ့ မဆုတ်မနှစ်ကြိုးစားခဲ့တဲ့ Lisa ရဲ့ ကြိုးစားမှုတွေ အရာထင်ခဲ့တယ်လို့ပြောရမှာပါ။

(ပိုပိုလေး)

 



Follow us on