ချဲလ်ဆီးအသင်းနည်းပြဖြစ်သူ မော်ရစ် ဆာရီဟာ ပေါင် (၇) သန်းဖြင့် ချဲလ်ဆီးအသင်းနေကထွက်ခွာပြီး ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှူရရှိထားပြီလို့ သိရပါတယ်။ ပြီးခဲ့တဲံ ရာသီက ချဲလ်ဆီးအသင်းဟာ “Sarri ball ” နည်းစနစ်နဲ့ ကိုက်ညီမှုမရှိ ၊ ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိတာကြောင့် ဝေဖန်မှုတွေ ကြုံတွေခဲ့ရပါတယ်။
အသင်းပရိတ်သတ်တွေက “Sarri Out ” ဆိုတဲ့ ဝေဖန်သံတွေကြားထဲ့ကနေ ဆာရီဟာ ချလ်ဆီးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ၊ ယူရိုပါလိဂ် ဆုဖလားတို့ကို ကိုင်မြောက်နိုင်အောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။
ချလ်ဆီးအသင်းကို ယူရိုပါလိဂ် ဆုဖလားတို့ကို ရရှိအောင်စွမ်းဆောင်ပေးထားနိုင်တဲ့ ဆာရီကို အီတလီကလပ် ဂျူဗင်တပ်စ်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြနေရာကို ဆာရီကို အစားထိုး ခန့်အပ်ဖို့ ကြံရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆာရီဟာ ချဲလ်ဆီးအသင်းကို (၁၁)လ သာ ကိုင်တွယ်ရသေးတာဖြစ်ပြီး ချဲလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း၂ နှစ်တာကာလ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းမှာ ဆာရီဟာ တစ်နှစ်လစာ ပေါင် ပေါင် ၅ သန်း ရရှိနေပါတယ်။
ချဲလ်ဆီးအသင်းက ဆာရီနေရာကို ကစားသမားဟောင်း ဒါဘီနည်းပြ ဖရန့်လမ်းပတ် ၊ နည်းပြဟောင်း မော်ရင်ဟို ဂျူဗင်တပ်စ်နည်းပြဟောင် အယ်လီဂလီ ၊ ဝက်ဖို့စ် နည်းပြ ဂါစီယာ ၊ ဝုလ်အသင်းနည်ပြ ဆန်းတို့စ် တို့ကို ခန့်အပ်ဖို့ လျာထားလျှက်ရှိတယ်လို့ သိရပါတယ်။ချဲလ်ဆီးအသင်းကို အေဗာရာမိုဗစ် ဝယ်ယူပြီးနောက် နည်းပြတွေကနေ လျှော်ကြေးပေး ထုတ်ပယ်ခဲ့သူသာ အများအပြားရှိခဲ့တာဖြစ်ပါတယ်။ ယခု နောက်ရာသီမှာ ဆာရီကိုသာ ဂျူဗင်တပ်စ်နည်းပြ အဖြစ်မြင်တွေ့ ရပါက ချဲလ်ဆီးအသင်းက နည်းပြတွေရဲ့ ပါက်သက်မှုကနေ လျှော်ကြေးငွေ ရရှိတဲ့ ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။
comment