1. Home
  2. International News

သေချင်ယောင်ဆောင်တတ်တဲ့ မြွေတွေကို သတိထားဖို့ ကျွမ်းကျင်သူများသတိပေး (ရုပ်သံ)

International News มิ.ย. 12, 2562 view 2,133
အမေရိကန်နိုင်ငံမှာရှိတဲ့ တိရိစ္ဆာန်ကျွမ်းကျင်သူ ပညာရှင်တွေက သေချင်ယောင်ဆောင်ပြီး သားကောင်းကို လှည်းဖြားတတ်တဲ့ မြွေတွေကို သတိထားကြဖို့၊ သေနေတယ်ထင်ပြီး မထိကြမကိုင်ကြဖို့ သတိပေးလိုက်ပါတယ်။
 
မြောက်ပိုင်းကယ်ရိုလိုင်းနားဒေသ စိမ်းလန်းစိုပြေရေး ပန်ခြံရဲ့ ဖေ့စ်ဘွခ်မှာ မြွေတစ်ကောင် သေနေဟန်ပုံနဲ့ ဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာဟာ ယခုတစ်ပတ်အတွင်း အပျံ့နှံ့ဆုံးသတင်းတစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။
 
 
ဒီလိုပုံစံမျိုးနဲ့ မြွေတွေ့ရင် ပြည်သူတွေအနေနဲ့ အနားမကပ်ကြဖို့ သတိပေးထားတာပါ၊ ဒီမြွေတွေကိုတော့ ‘ဇွန်ဘီ’(Zombie) လို့ နာမည်ပေးထားပါတယ်။ ဒီမြွေတွေဟာ Hognose snake အမျိုးအစားတွေဖြစ်ပြီး အရောင်အဆင်းမျိုးစုံလည်းရှိပါတယ်။ မြောက်အမေရိကမှာ အများဆုံးတွေ့ရတတ်တဲ့ မြွေအမျိုးအစားဖြစ်ပါတယ်။
 
 
သူတို့က မြွေကိုစားတဲ့ သတ္တဝါတွေဖြစ်တဲ့ ငှက်နဲ့ အခြားသတ္တဝါတွေကို သေချင်ယောင်ဆောင်ပြီး သူတို့ကို မစားအောင် လှည့်ဖြားလေ့ရှိပါတယ်။ သူတို့ကို သွားထိလိုက်တာနဲ့ မြွေဟောက်လို ပုံစံမျိုး ဟန်ဆောင်ပြီး ဆက်တိုက် ကိုက်ဖို့ ဝန်မလေးပါဘူး။
 
 
ကံကောင်းတာက ဒီမြွေအမျိုးအစားတွေမှာ အဆိပ်မရှိတာပါပဲ၊ ဒါပေမယ့် သူတို့ရဲ့ သွားနဲ့ မရပ်မနားဆက်တိုက် ကိုက်ပြီး တိုက်ခိုက်တတ်ပါတယ်။ ဒီမြွေကိုက်ခံရရင်တော့ အဲဒီနေရာမှာ ယောင်ရမ်းလာပါလိမ့်မယ် ဒါပေမယ့် ၂၄ နာရီ သို့မဟုတ် ၄၈ နာရီအတွင်းမှာ အလိုလိုပဲ ပြန်ပျောက်သွားပါတယ်။
ဒီမြွေတွေဟာ နွေရာသီကာလတွေမှာ မိတ်လိုက်ကြပြီး ဇွန်၊ ဇူလိုင်လတွေမှာ ဥ ဥတတ်ကြပါတယ်။ တစ်ခါဥရင် အလုံး ၅၀ လောက်ထိ ဥ လေ့ရှိပါတယ်။ ဥကနေပေါက်ပြီး ၂ လသားအရွယ်မှာပဲ အရွယ်ရောက်တဲ့ မြွေတစ်ကောင်ရဲ့ ပုံပန်းသဏ္ဍန်ဖြစ်လာပါတယ်။
 
 
အမေရိကန်နိုင်ငံမှာ လက်တလော သတိပေးထားတဲ့ အကြောင်းအရာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာလည်း မြွေပေါတဲ့ မိုးတွင်းရာသီရောက်နေပြီမို့ ကလေးတွေဖြစ်စေ လူကြီးတွေ ဖြစ်စေ သွားရင်းလာရင်းနဲ့ မြွေအသေလို့ ထင်ရရင်တောင် စူးစမ်းပြီး လက်ဗလာနဲ့ သွားမကိုင်ကြဖို့ သတိပေးလိုက်ပါရစေ။
 


Follow us on