ကင်ဆေး ဝေါ်လန်စကီး ကို ဘောလုံးဖန်တွေ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ သူမက ချန်ပီယံလိဂ် ဖိုင်နယ်ညတုန်းက ကွင်းထဲ့ကို ရေးကူဝတ်စုံနဲ့ ကွင်းထဲကို ဖြတ်ပြေးခဲ့တာကြောင့် လုံခြုံရေးတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အမေရိကန်မလေး ပါ ။ ပြီးခဲ့တဲ့ရက်ပိုင်းက သူမဟာ လီဗာပူးလ်ကစားသမား တချို့ ထံမှ မက်ဆေ့တွေရရှိခဲ့ကြောင်း The Sun မှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းလှပတဲ့ အမေရိကန် မော်ဒယ်မလေးတစ်ဦးဟာ “ကျွန်မ ကွင်းထဲမှာ ဝင်ရောက်ပြီးနောက် လီဗာပူးလ်ကစားသမား နှစ်ဦးက မက်ဆေ့တွေ ပို့ခဲ့ကြပါတယ်။ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ကျွန်မထုတ်ဖော်မပြောချင်ဘူး ။ အစကတော့ သူတို ဘယ်သူဆိုတာကို မသိခဲ့ပါဘူး ။ ပလုံဖိုင်ကို ဝင်ကြည့်ခဲ့ပြီးမှာ သိခဲ့ရတာပါ၊ ကျွန်မမှာ ချစ်သူကောင်လေးရှိလို့ တုန်ပြန့်ပြောဆိုခြင်း မရှိခဲ့ပါဘူး ” လို့ ကင်ဆေး ကပြောပါတယ်။
“ကျွန်မအသက်၃၀အရွယ်မှာ လုံလောက်တဲ့ ဝင်ငွေရရင် အနားယူသွားဖို့ ရှိပါတယ် ။ ချန်ပီယံလိဂ်ကဖြစ်ရပ်က ကျွန်မကို အောင်မြင်မှုတွေရပြီး လူသိများလာခဲ့ပါတယ်။ ကျွန်မ့ပုံရိပ်ကို မြှင့်တင်ဖို့ အတွက် ၀တ်လစ်စားလစ်ပြေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ ” သူမက ထပ်လောင်းပြောကြားခဲပါတယ်။
ကင်ဆေး ဝေါ်လန်စကီးစဟာ ကွင်းအတွင်းကို ဖြတ်ပေးခဲ့ပြီးနောက် ၅ နာရီကြာ အချုပ်ခန်းထဲ့မှာ ထိန်းသိမ်းခဲ့ရပေမယ့် သူမ ရဲ့ Prank က ဒေါ်လာပေါင် ၃.၈ သန်းလောက် အမြတ်ထွက်ခဲ့တယ်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ အင်စတာဂရမ်းလည်း Follower ၃ သိန်းကျော်ကနေ ၂ သန်းအထိ တစ်ဟုန်ထိုး တိုးထက်လာခဲ့ပါတယ်။
ကင်ဆေးရဲ့ ချစ်သူ ဇီဒိုရိုဗက်စကီးဟာ Youtuber တစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူတွေဟာ ဝင်ကြည့်လို့ရတဲ့ Vitaly ဆိုတဲ့ ဝက်စ်ဆိုဒ် ကိုတည်ထောင်သူ တစ်ဦးဖြစ်ပါတယ်။ သူမဟာ ကွင်းထဲ့ကိုဖြတ်ပေးပြီးနောက် အဆိုပါ ဝက်စ်ဆိုဒ်မှာလည်း Registered လုပ်တဲ့ ဦးရေ ၃၂ သန်းအထိရှိခဲ့ပြီး ကြော်ငြာခအနေနဲ့  ပေါင်၃သန်းအထိ အကျိုးအမြတ်ရခဲ့တယ်လို့ သိရပါတယ်။
ဇီဒိုရိုဗက်စကီးဟာ ၂၀၁၄ခုနှစ်က ကျင်းပတဲ့ ဂျာမနီနဲ့  အာဂျင်တီးနား ဗိုလ်လုပွဲမှာ ကိုယ်တိုင် ကွင်းထဲသို့  ၀င်ရောက်ဖူးသူ ဖြစ်ပါတယ်။ ဒါအပြင် ၂၀၁၆ခုနှစ် NBA ဘက်စကက်ဘော ပြိုင်ပွဲမှာလည်း ပြေးဝင်ဖူးခဲ့သလို ၂၀၁၄ခုနှစ်မှာ ATM စက်တွေကို လိုက်ခိုးတဲ့ prank ပုံစံမျိုးတွေ လုပ်ကာ ၎င်းရဲ့ဝက်ဆိုဒ်ကို လူသိများအောင် ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
comment