1. Home
  2. Movie Stars - Celebrity

ကမ္ဘာကျော်မော်ဒယ် Kendall Jenner နဲ့ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ M ဆိုင်းလု

Movie Stars - Celebrity มิ.ย. 07, 2562 view 1,687

အနုပညာမော်ဒယ်လောကထဲမှာ အောင်မြင်ကျော်ကြားသူတစ်ယောက်အဖြစ် အချိန်အတော်ကြာရပ်တည်နေပြီး ခိုင်မာတဲ့နေရာတစ်နေရာကို ရရှိထားတဲ့ ကချင်တိုင်းရင်းသူလေး မော်ဒယ် M ဆိုင်းလုကိုတော့ ပရိသတ်ကြီးအားလုံးသိကြမှာပါ။ Fashion show ပွဲတွေမှာမပါမဖြစ် အမြဲမြင်တွေ့ရလေ့ရှိတဲ့ သူမက အရပ်ရှည်ရှည် သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးနဲ့ အပြစ်ဆိုစရာမရှိလှပသူလေးဖြစ်တာကြောင့် မော်ဒယ် M ဆိုင်းလုကို ပရိသတ်ကြီးက ချစ်ခင်အားပေးနေကြတာပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

M ဆိုင်းလုကတော့ အနုပညာလောကထဲမှာ ကျင်လည်နေတာနှစ်အတော်ကြာပြီဖြစ်ပေမယ့်လည်း မော်ဒယ်အဖြစ်သာ ရှင်သန်ရပ်တည်နေတာပါ။ ခရီးသွားရတာကိုကြိုက်နှစ်သက်တဲ့ သူမက တစ်ယောက်တည်းဖြစ်စေ၊ အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ် မကြာခဏခရီးတွေထွက်လေ့ရှိသူပါ။ ယခုလည်း M ဆိုင်းလုက New York ကိုရောက်ရှိနေတာဖြစ်ပါတယ်။

New York မြို့မှာလည်ပတ်ရင်း ကမ္ဘာကျော်အနုပညာရှင်များစွာနေထိုင်ရာ Holly wood ကိုရောက်ရှိချိန်မှာတော့ သူမဟာ မထင်မှတ်ပဲ ကမ္ဘာကျော်မော်ဒယ် Kendall Jenner နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီလိုမျိုး သူမကိုယ်တိုင်လေးစားအားကျရတဲ့ ကမ္ဘာကျော်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Kendall နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ရတာကြောင့် အရမ်းကိုပျော်ရွှင်နေပြီး အမှတ်တအဖြစ်အပျက်လေးကို သူမရဲ့လူမှုကွန်ယက်ကနေ မျှဝေထားတာဖြစ်ပါတယ်။

M ဆိုင်းလုက Kendall နဲ့တွေ့ဆုံဖြစ်ခဲ့ပုံကို “While in Hollywood! LA ရောက်ရောက်ချင်း မထင်မှတ်ပဲ ဆိုင်းလူ ရဲ့ favourite model kendall နဲ့ ဆုံလိုက်ရတယ် အမှတ်တရလေးတခုပါပဲ။ very unexpected meet with kendall jenner !!!!!!! မမျှော်လင့်ဘဲ lunch စားဖို့ order လုပ်တုန်း ဆိုင်းလု ရဲ့ favourite model နဲ့ဆုံလိုက်ရတယ်… သူနဲတွေ့မှဘဲ ကိုယ်ဟာတော်တော်ပုပါလားလို့” ဆိုကာ အရမ်အမောင်းချင်းကွာခြားမှုကိုပါ ဟာသလေးအဖြစ်ရေးသားခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ကိုယ်သဘောကျရတဲ့ အနုပညာရှင်တစ်ယောက်နဲ့ အပြင်မှာတကယ်တွေ့ဆုံရဖို့ဆိုတာ တော်တော်မလွယ်ကူတဲ့ကိစ္စဖြစ်ပြီး ကမ္ဘာကျော်တွေနဲ့တွေ့ဆုံရဖို့ဆိုတာ ပိုလို့တောင်ခက်ခဲတဲ့ကိစ္စ၊ မဖြစ်နိုင်တဲ့ကိစ္စတစ်ရပ်ပါ။ ဒီလိုမျိုး စူပါ့စူပါ ကမ္ဘာကျော်နဲ့ အပြင်မှာတကယ်တွေ့ဆုံရတဲ့သူတွေကတော့ အထူးကံကောင်းသူတွေလို့ ဆိုရပေမည်။ ထိုကံကောင်းတဲ့သူတွေထဲမှာ M ဆိုင်းလုကလည်း တစ်ယောက်အပါအ၀င်ပါပဲနော်…

 

(ပိုပိုလေး)



Follow us on