ဘာစီလိုနာအသင်းတိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ဥရောပ ရွှေဖိနပ်ဆုကို စံချိန်တင် (၆) ကြိမ်မြောက် ရရှိခဲ့ပါတယ်။ လာလီဂါမှာ သွင်းဂိုး ၃၆ ဂိုးအထိ သွင်းယူနိုင်ခဲပြီး ပီအက်စ်ဂျီ စတား ဘက်ပီကို ၃ ဂိုးအသာဖြင့် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဥရောပ ရွှေဖိနပ်ဆု ပြိုင်ဘက်ကြီး စီရောနယ်ဒိုကတော့ သွင်းဂိုး ၂၁ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပ ဂိုးသွင်းအများဆု စာရင်း Top Ten အပြင်ဘက်မှာ ရပ်တည်ခဲ့ပါတယ်။
စီရိုနယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ပြည်တွင်းအမှတ်ပေးချန်ပီယံဆု စကူဒက်တိုချန်ပီယံဖလားတို့ကို ကိုင်မြောက်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဖလားကို ကွာတားအဆင့်နဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒါ့အပြင် စီးရီးအေဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
Player | Team | Goals |
---|---|---|
1. Lionel Messi | Barcelona | 36 (72 points) |
2. Kylian Mbappe | PSG | 33 (66) |
3. Fabio Quagliarella | Sampdoria | 26 (52) |
4. Duvan Zapata | Atalanta | 23 (46) |
5. Mbaye Diagne | Kasimpasa/Galatasaray | 30 (45) |
=6. Mohamed Salah | Liverpool | 22 (44) |
=6. Sadio Mane | Liverpool | 22 (44) |
=6. Robert Lewandowski | Bayern Munich | 22 (44) |
=6. Pierre-Emerick Aubameyang | Arsenal | 22 (44) |
=6. Krzysztof Piatek | Genoa/AC Milan | 22 (44) |
စီးရီးအေပြိုင်ပွဲ ပြီးဆုံးချိန်မှာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ဆမ်ဒိုးရီးယားက အီတလီဝါရင့်တိုက်စစ်မှူး ကွာဂလီရယ်လာ ဆွတ်ခူးခဲ့ပြီး ၂၆ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ စီးရီးအေ ဒုတိယဂိုးသွင်းအများဆုံး ကစားသမားက အတ္တလန္တာက ဇာပါတာက၂၃ ဂိုး သွင်းပေးခဲ့ပါတယ်။ အေစီမီလန်တိုက်စစ်မှူး ပီယာတက်ခ်ကတော့ ဂိုးသွင်းအများဆုံးအဆင့် ၃ နေရာမှာ ရပ်တည်ခဲ့ပြီး ၂၂ ဂိုးသွင်းပေးခဲ့ပါတယ်။
စီရော်နယ်ဒိုဟာအရင်က ဥရောပရွှေဖိနပ်ဆုကို ၄ ကြိမ်အထိ ဆွပ်ခူးထားနိုင်ခဲ့ပြီး မက်ဆီကတော့ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ မက်ဆီက ဥရောပရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခဲ့တာကြောင့် ရော်နယ်ဒို ထက် နှစ်ကြိမ်သာလွန်ခဲ့ပြီးဖြစ်ပါတယ်။
comment