1. Home
  2. Movie Stars - Celebrity

ဂျက်ကီချန်း ကိုယ်တိုင်ရိုက်ကူးမယ့် လိင်တူချင်းကြိုက်နှစ်သက်မှု အခြေခံဒရာမာဇာတ်လမ်းတွဲ

Movie Stars - Celebrity พ.ค. 21, 2562 view 2,707

ကမ္ဘာကျော် စတန့်မင်းသားကြီး ဂျက်ကီချန်းဟာဆိုရင် ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးလဲဖြစ်ပါတယ်။ မင်းသားတစ်ဦးဖြစ်ပေမယ့် ရုပ်ရှင်နဲ့ ပတ်သတ်ရင် ဘက်စုံရတဲ့ မင်းသားတစ်လက်ဆိုလဲမမှားပါဘူး။ ယခုရိုက်ကူးထုတ်လွှင့်ပြသမယ့် ဒရာမာဟာဆိုရင် ဂျက်ကီချန်း ပထမဦးဆုံး ထုတ်လုပ်မယ့် ဇာတ်လမ်းတွဲဖြစ်ပြီး ဇာတ်ကားနာမည်ကတော့ “The Sleuth of Ming Dynasty” လို့အမည်ရပါတယ်။ ဂျက်ကီချန်းတစ်ယောက် ဒီဇာတ်ကားကို ဘယ်လိုအကြောင်းကြောင့်ရိုက်ကူးဖြစ်တယ်ဆိုတာ သိရဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂျက်ကီချန်းဟာဆိုရင် ဟာသအက်ရှင်ကားတွေကို ပညာသားပါပါ တင်ဆက်ပြသနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သည့်အလျောက် လူငယ်ဆန်ဆန် ပေါ့ပါးတဲ့ ပုံစံလေး ဖန်တီးဖြစ်သွားတယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားအတွက် သရုပ်ဆောင်ရွေးချယ်ရာမှာ သင့်တော်တဲ့ သရုပ်ဆောင်တွေရရှိထားတာဖြစ်တဲ့အတွက် ကျေနပ်အားရမိကြောင်း ပြောထားပါတယ်။

The Sleuth of Ming Dynasty ရဲ့ အဓိကဇာတ်ဆောင်များအနေနဲ့ ပါဝင်သရုပ်ဆောင်မယ့် သူတွေကတော့ Darren Chen, Fu Mengbo နဲ့ Liu Yaoyaun တို့ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာဆိုရင် တရုတ်နိုင်ငံရှိ နာမည်ကျော် စာရေးဆရာမ Meng Xishi ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားပြီး ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ အဓိကဇာတ်ဆောင် မင်းသမီးမပါရှိပဲ အမျိုးသားတွေကြားက ချစ်ခြင်းမေတ္တာကို ရည်ညွှန်းတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ဂျက်ကီချန်းအနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ဖြစ်တာဟာ အတွေ့အကြုံသစ်တွေကို ရရှိစေဖို့နဲ့ ပရိတ်သတ်ကို အသစ်အဆန်းပြသချင်လို့ဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားမှာ တက်သစ်စ လူငယ်သရုပ်ဆောင်လေးတွေကို ထည့်သွင်းသရုပ်ဆောင်စေတာဖြစ်တဲ့အတွက် သူတို့အတွက်လဲ ဂျက်ကီချန်းဆီမှ ပညာရပ်တွေကို အလိုလိုနေရင်းရရှိစေမှာပါ။ ဂျက်ကီချန်းတစ်ယောက် ရိုက်ကွင်းမှာ အက်ရှင်နဲ့ ပတ်သတ်ပြီး သူကိုယ်တိုင် သင်ကြားပေးတာဖြစ်ပါတယ်။ ကြည့်ရှုခံစားကြည့်လိုက်ပါဦးပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

.



Follow us on