1. Home
  2. International News

စင်ကာပူတွင် မျောက်ကျောက်ပေါက်နာ ရောဂါကူးစက်ခံနေရသူရှိနေ

International News พ.ค. 10, 2562 view 2,099
အနောက်နိုင်ငံများနဲ့ အာဖရိကအလယ်ပိုင်း နိုင်ငံတွေမှာ ပျံ့နှံ့စွာကူးစက်နေတဲ့ မျောက်ကောက်ပေါက်ရောဂါ(monkeypox) ကူးစက်ခံနေရသူတစ်ဦး စင်ကာပူတွင် ရှိနေကြောင်း မေလ ၈ ရက်နေ့က စင်ကာပူကျန်းမာရေးဝန်ကြီးဌါန အတည်ပြုပြောကြားလိုက်ပါတယ်။
 
 
အဆိုပါရောဂါကူးစက်ခံရသူမှာ အသက် ၃၈ နှစ်အရွယ် နိုက်ဂျီးရီးယားနိုင်ငံသား ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့က စင်ကာပူသို့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ရောက်ရှိလာသူဖြစ်ကြောင်းသိရှိရသည်။ 
 
ဂေလမ်းရှိ ဟိုတယ်၈၁ တွက် တည်းခိုနေထိုင်ပြီး Samsung Hub မှာပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၃၀ ရက်နေ့မှာ အဖျားတက်ပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲကာ အေးစက်ပြီး အရေပြားမှာ အဖုအပိန့်တွေ ပေါက်လာခဲ့ပါတယ်။
 
မေလ ၁ ရက်ကနေ ၇ ရက်အတွင်းမှာ ဟိုတယ်ကနေ မထွက်တော့ပဲ အခန်းအောင်းနေခဲ့ရာက မေလ ၇ ရက်နေ့မှာတော့ တန်တောက်ဆင်းဆေးရုံကို လူနာတင်ကားနဲ့ ပို့ဆောင်ခဲ့ရပါတယ်။ ဆေးရုံက စစ်ဆေးခဲ့ပြီးနောက် မျောက်ကျောက်ပေါက်ရောဂါ ကူးစက်နေကြောင်း အတည်ပြုနိုင်ခဲ့ပြီး သူနဲ့အတူ အလုပ်ရုံဆွေးနွေးပွဲတက်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဘက်များ သင်တန်းသားများကို ကူးစက်ပျံ့နှံ့မှုမရှိစေရန် သူနဲ့အနီးကပ်နေခဲ့သူ ၂၃ ဦးအနက်မှ ၂၂ ဦးကိုလည်း စစ်ဆေးနေပါတယ်။ 
ကျန်တစ်ဦးကတော့ သူဆေးရုံမတက်ခင် မေလ ၅ ရက်နေ့ကတည်းက စင်ကာပူမှ ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့နေရပ်မှာ ဆေးစစ်ခဲ့ပြီးနောက် ရောဂါပိုးကူးစက်ခံရခြင်းမရှိကြောင်း စင်ကာပူကျန်းမာရေးဌါနကို ပြန်လည် သတင်းပေးပို့ခဲ့ပါတယ်။
 
 
အဆိုပါရောဂါပိုးဟာ တောကောင်တွေရဲ့ အသားတွေကို စားသုံးရာကနေ လူ့ခန္ဓာကိုယ်ထဲ ကူးစက်ပျံ့ပွားတဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူဟာ စင်ကာပူနိုင်ငံသို့ မလာခင်တစ်ရက်က နိုက်ဂျီးရီးယားမှာ မင်္ဂလာပွဲတစ်ခုကို တင်ရောက်ခဲ့ပြီး ကျေးမွေးဧည့်ခံခဲ့တဲ့ တောကောင်သားတွေ စားခဲ့ကြောင်း သိရပါတယ်။ အဲဒီကနေတစ်ဆင့် ကူးစက်တာဖြစ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
 
 
လက်ရှိမှာတော့ သူနဲ့အနီးကပ်နေခဲ့သူတွေကို ကာကွယ်ဆေးထိုးပေးထားပြီး ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
 
ဒီရောဂါပိုးဟာ လူကိုကူးစက်နိုင်ခြေ နိမ့်ပါးပေမယ့် ရောဂါပိုးကူးခံနေရတဲ့ တိရိစ္ဆာန်တွေ၊ အနောက်နိုင်ငံနဲ့ အာဖရိကအလယ်ပိုင်း အထူးသဖြင့် နိုက်ဂျီးရီးယားနိုင်ငံက ခရီးသွားဧည့်သည်တွေဆီကနေ ကူးစက်ခံရဖူတဲ့ ဖြစ်ရပ်တွေရှိခဲ့ဖူးကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr Lee Boon Chye က သတိပေးပြောကြားခဲ့ပါတယ်။
 


Follow us on