1. Home
  2. Myanmar News

မြန်မာနိုင်ငံတွင် ကာစီနို လောင်ကစားရုံများ တရားဝင်ဖွင်လှစ်ခွင့်ရတော့မည်

Myanmar News พ.ค. 07, 2562 view 2,149
ပြည်ထောင်စု လွှတ်တော်က အတည်ပြုထား သည့် လောင်းကစားဥပဒေကြမ်း တွင် အချက်ငါးချက် ပြန်လည် ပြင်ဆင်သင့်ကြောင်း သမ္မတက လွှတ်တော်သို့ သဘောထားပေးပို့ရာ ပြည်ထောင်စုလွှတ်တော်က တစ်ချက်သာပြင်ဆင်ပြီး အတည်ပြုခဲ့ပါတယ်။
 
လွှတ်တော် အတည်ပြုချက် အရ ‘ပြည်ထောင်စုအစိုးရအဖွဲ့ သည် ကာစီနိုတည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်းကို သတ်မှတ်ချက် များနှင့် စိစစ်ခွင့်ပြုနိုင်သည်’ ဟု ဖော်ပြထားသည်။ ဥပဒေကို လက်ရှိ လွှတ်တော်က ၁၉၈၆ လောင်းကစားဥပဒေကို ရုပ်သိမ်း၍ အသစ်ပြန်လည်ရေး ဆွဲကာ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ပါတယ်။ အဆိုပါ ဥပဒေအရ နိုင်ငံခြားသားများလောင်းသာ ကစားနိုင်သော ကာစီနိုရုံများ ဖွင့် လှစ်တည်ထောင်မှုကို ခွင့်ပြုထားတယ်လို့ သိရပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

 ‘‘သိရသလောက်ကတော့ စင်ကာပူမှာရှိတဲ့ ဥပဒေတွေကို နမူနာယူပြီးတော့ ရေးနေပါ တယ်။ လက်ရှိက ရှေ့နေချုပ်ရုံး ကို အကြံပြုချက်တောင်းနေပြီ။ နောက်ပိုင်းဆိုရင် တရားဝင်လုပ် ကိုင် ခွင့်ပြုလိုက်တဲ့အတွက် နိုင်ငံ တော်ဘဏ္ဍာလည်း ရသွားမှာ ပေါ့’’ လို့ ဦးနေမျိုးထွန်းက ပြောပါတယ်။
 
အဆိုပါ ဥပဒေကြမ်းကိုပြည်ထောင်စုလွှတ်တော်ကအတည် ပြုပြီးဖြစ်၍ သမ္မတကလက်မှတ် ရေးထိုးသည်ဖြစ်စေ၊ မထိုးသည် ဖြစ်စေ ခုနစ်ရက်အတွင်း ဥပဒေ တစ်ရပ် ဖြစ်လာမည်ပါတယ်။


Follow us on