လီဗာပူးလ်ပရိတ်သတ်တွေဟာ နောက်လာမယ့် ဘာစီလိုနာ အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒု-ကျော့ ပွဲစဉ်မှာ လီယွန်နယ် မက်စီကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ အွန်လိုင်းမှာ ဆန္ဒမဲ ကောင်ခံပြီး UEFA ထံမှာ တောင်းဆိုသွားမယ် လို့ သိရပါတယ်။
မက်စီရဲ့ ပြေးလမ်းကြောင်းပေါ်ကို ဖာဘင်ဟိုက ပိတ်ဆို့တားဆီးရာမှာ မက်စီရဲ့ လက်က ဖာဘင်ဟို ခေါင်းကို ကို ထိုးခဲ့သလို ဖြစ်ခဲ့တာကြောင့် ဖာဘင်ဟိုဟာ ခေါင်းကို ပွတ်နေတဲ့ ပုံစံကို မြင်တွေ့ ခဲ့ရတာဖြစ်ပါတယ်။
>> Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>
ထို့အဖြစ်အပျက်ကြောင့် လီဗာပူးလ်ပရိတ်သတ်တွေက မက်စီက ဖာဘင်ဟိုကို ရည်ရွယ်ချက်ရှိရှိ ရိုက်ခဲ့တာဖြစ်တာကြောင့် နောက်ကန်မယ့် ဒု-ကျော့မှာ မက်စီကို ပွဲပယ်ပေးဖို့ UEFA ထံ တောင်ဆိုသွားမှာ ဖြစ်ပါတယ်။
Messi pega un puñetazo al rival merecedor de roja, por su contra el árbitro pita falta y llega el tercero.
— Xisco (@xisco_manjon) May 1, 2019
VARcelona pic.twitter.com/9LWRPUdD2p
>
လီဗာပူးလ်အသင်းနဲ့ ကစားတဲ့ ပ-ကျော့မှာ မက်စီဟာ လီဗာပူးလ် ခံစစ်ကစားသမားတွေ ပိတ်ဆို့တားဆီးခြင်းကို ခံခဲ့ရပေမယ့် သွင်းဂိုး ၂ ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဒု-ကျော့ ပွဲစဉ်ကို မေလ ၇ ရက်နေ့ အန်ဖီးလ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။
comment