1. Home
  2. Movie Stars - Celebrity

စတိတ်စင်ပေါ်ထိတက်ပြီး Lui Yi Fei ကို အတင်းအဓမ္မဖက်ခဲ့တဲ့ အမျိုးသားပရိတ်သတ်တစ်ဦး

Movie Stars - Celebrity เม.ย. 26, 2562 view 3,241

တရုတ်မင်းသမီးလေး Lui Yi Fei ဟာဆိုရင် သူမရဲ့တည်ငြိမ်အေးချမ်းတဲ့ အလှတရားတွေနဲ့အတူ အောင်မြင်ကျော်ကြားသူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ “သိမ်းငှက်သူရဲကောင်း” ဇာတ်လမ်းတွဲနဲ့ လူသိများလာပြီး သူမကို ဂူဂူးလို့လူသိများကြပါတယ်။ သိမ်းငှက်သူရဲကောင်းဇာတ်ကားဟာ ဂူဂူးရဲ့ ပထမဦးဆုံး ခြေလှမ်းပါပဲ။ သိမ်းငှက်ဇာတ်ကားရိုက်တဲ့အချိန်တုန်းက ဂူဂူးဟာအသက် (၁၈)နှစ်သာရှိပါသေးတယ်။ ထိုဇာတ်ကားနောက်ပိုင်း ဟောလိဝုဒ် ထိဇာတ်ကားတွေရိုက်ကူးလာကာ အောင်မြင်မှုတွေရရှိလာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဂူဂူးကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေထဲမှာ အမျိုးသားပရိတ်သတ်တွေလဲရှိသလို ၊ အမျိုးသမီးပရိတ်သတ်တွေလဲအများအပြားရှိကြပါတယ်။ ဂူဂူးဟာ “Night Peacock”  အမည်ရတဲ့တရုတ်ပြင်သစ် ရိုမန်တစ်ဇာတ်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကွမ်ကျိုးပြဇာတ်ရုံမှာ ပရိုမိုးရှင်းပွဲပြုလုပ်နေခဲ့ပါတယ်။ သူမ စတိတ်စင်ပေါ်ကနေ ပရိတ်သတ်တွေကိုနှုတ်ဆက်နေစဉ် အမျိုးသားပရိတ်သတ်တစ်ဦးက စင်ပေါ်ကို ရုတ်တရက်တက်လာပြီး သူမကိုအတင်းအဓမ္မဖက်ခဲ့ပါတယ်။ အရှိန်လွန်ပြီး ဂူဂူးကိုလဲကျစေကာ အန္တရာယ်ပြုတဲ့သဘောဖြစ်စေခဲ့ပါတယ်။

ရဲများက Liu Yifei ကို ဒဏ်ရာရစေတဲ့ အဆိုပါအမျိုးသားပရိတ်သတ်ကို (၁၀) ရက် အချုပ်ကျ အပြစ်ဒဏ်ပေးအပ်ခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကလဲ Liu Yi Fei ကို သူတို့ လုံခြုံရေးပေါ့ဆမှုနဲ့ပတ်သတ်ပြီးတောင်းပန်ခဲ့ပြီး ပရိတ်သတ်တွေကိုလဲ အနုပညာရှင်တွေကို လေးစားသမှုရှိစေဖို့ အကြောင်းထုတ်ပြန်ခဲ့ပါတယ်။

ဂူဂူး(ခေါ်) Liu Yi Fei တစ်ယောက်စတိတ်စင်ပေါ်မှာ ဘယ်လိုနှောင့်ယှက်ခံလိုက်ရသလဲဆိုတာ ပရိတ်သတ်ကြီး ကြည့်ရှုကြည့်လိုက်ကြပါဦး။

(ပိုပိုလေး)

 

 



Follow us on