1. Home
  2. Movie Stars - Celebrity

အသစ်ထွက်ရှိလာမယ့် Marvel ရုပ်ရှင်စီးရီးမှာပါဝင်ဖို့ ကမ်းလှမ်းခံရတဲ့ မာဒုံဆော့

Movie Stars - Celebrity เม.ย. 18, 2562 view 2,476

တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီး အက်ရှင်မင်းသားတစ်လက်ဖြစ်တဲ့ မာဒုံဆော့ဟာ ဟောလိဝုဒ် ရုပ်ရှင် ကုမ္ပဏီ Marvel universe မှာပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ အမေရိက သတင်း The Wrap ရဲ့ပြောကြားချက်အရ အင်္ဂလိပ်အမည် Don Lee အမည်ရတဲ့မာဒုံဆော့ ဟာ Train to busan ရုပ်ရှင်ဇာတ်ကားမှာပါဝင်ကတည်းက ဟောလိဝုဒ် ပရိုဂျူဆာတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရသူတစ်ဦးဆိုလဲမမှားပါဘူး။

အမေရိက သတင်းဖော်ပြချက်အရ မာဒုံဆော့ဟာ Eternals အမည်ရတဲ့ ရုပ်ရှင်ကားမှာ ပါဝင်ဖို့ကမ်းလှမ်းချက်ကို သဘောတူခဲ့ရင် အိန်ဂျလီနာဂျိုလီ၊ Kumail Nanjiani တို့နဲ့ အတူ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

မာဒုံဆော့ကို ယခုမှမဟုတ်ပါဘူး၊ train to Busan ဇာတ်ကားအပြီး ၂၀၁၆ ခုနှစ်ကတည်းက ဟောလိဝုဒ်ရုပ်ရှင် ကုမ္ပဏီတွေကစာချုပ်နှင့်တကွ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ထိုအချိန်တုန်းက မာဒုံဆော့ဟာ အချိန်မအားလပ်နိုင်ပြီး လက်ခံထားတဲ့ ရုပ်သံစီးရီးတွေကို လက်စသတ်နေရတဲ့ အတွက် ဟောလိဝုဒ်မှာ သရုပ်ဆောင်ဖို့အခွင့်မသာနိုင်ခဲ့ပါဘူး။

မာဒုံဆော့ကို ကမ်းလှမ်းလာတဲ့ Marvel Universe ရဲ့ ရုပ်ရှင်စီးရီးအသစ်ဟာဆိုရင် ရုပ်ပြကာတွန်း ဆရာ Jack Kirby ရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်း သဘောတရားအရ ရှေးဟောင်းခေတ်က သဘာဝလွန် စွမ်းအင်တွေကိုပိုင်ဆိုင်တဲ့ လူသားတစ်ချို့ဟာ အာကာသမှစွမ်းအင်တွေကို ထုတ်ယူနိုင်ဖို့ ကြိုးစားကြပါတယ်။ Marvel  Universe ကထွက်ရှိတဲ့ သဘာဝလွန်ဇာတ်ကားတွေဟာမအောင်မြင်တဲ့ ကားဆိုတာမရှိသလောက်ပဲမို့ Eternals ဟာလဲမလွှဲဧကန် အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်လာလိမ့်မယ်လို့ ပရိတ်သတ်ကယုံကြည်ကြပါတယ်။

လက်ရှိမှာ Marvel မှ ကိုးရီးယားသရုပ်ဆောင် မာဒုံဆော့ကို Eternals  မှာပါဝင်ဖို့ ကမ်းလှမ်းထားပေမယ့် မာဒုံဆော့ဘက်ကတော့ ပါဝင်ဖို့ အကြောင်းပြန်ခြင်းမျိုးမရှိသေးပါဘူး။ Marvel နဲ့အတူ ဇာတ်ကားရိုက်နိုင်ဖို့အခွင့်အရေးဟာ ကမ္ဘာကျော်တစ်ယောက်ဖြစ်ဖို့ မဟာအခွင့်အရေးကြီးပါပဲ။ မာဒုံဆော့တစ်ယောက် ဘယ်လိုတုန့်ပြန်မလဲဆိုတာ အတူစောင့်စားလိုက်ကြရအောင်ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)



Follow us on