ဗြိတိန်အဆိုတော် Ed sheeran ဟာ၂၀၁၇ မှာ ထွက်ရှိခဲ့တဲ့ Shape of you သီချင်းနဲ့အတူ အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။ Shape of you သီချင်းဟာ ပထမဦးဆုံးထွက်ရှိလာတဲ့ အချိန်မှာပဲ နိုင်ငံပေါင်း (၃၄)နိုင်ငံမှာ နံပါတ် ၁ စာရင်းချိတ်ခဲ့ပါတယ်။ Ed Sheeran ဟာ Shape of you သီချင်းနဲ့ပဲ ဂရမ်မီဆုကို ဆွတ်ခူးရရှိထားပါတယ်။
Shape of you သီချင်းဟာ billboard သမိုင်းတစ်လျှောက်မှာ နံပါတ်(၉) အောင်မြင်မှုအများဆုံးရရှိခဲ့တဲ့သီချင်းတစ်ပုဒ်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Shape of you သီချင်းဟာကမ်းခြေနဲ့ ကလပ်တွေမှာ ဖွင့်လှစ်မှုအများဆုံး သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
Ed Sheeran ရဲ့ နာမည်ကြီး Shape of you သီချင်းကို cover song သီဆိုသူလဲအများအပြားရှိခဲ့ပြီး ဒီသီချင်းနဲ့ အကဗွီဒီယိုများစွာကိုရိုက်ကူးခဲ့ကြပါတယ်။ မျိုးစုံ Edm တွေနဲ့ရောစပ်ပြီး cover လုပ်လာကြတာမျိုးလဲရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ပြုလုပ်လိုက်တဲ့ cover ကတော့အများနဲ့မတူ ထူးဆန်းလို့နေပါတယ်။ ဂျပန်ရိုးရာ စောင်းကိုအသုံးပြုပြီး တီးခတ်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို လူအများစိတ်ဝင်စားလာကြပါတယ်။
ဂျပန်ရိုးရာစောင်းပညာရှင်အဖွဲ့ TRIEchoes က Ed Sheeran ရဲ့ သီချင်းကို သူများနဲ့မတူအောင် စောင်းပညာကို အသုံးပြုပြီးတီးခတ်ခဲ့ပါတယ်။ ဂျပန်ရိုးရာစောင်းကို Koto လို့ခေါ်ပါတယ်။ Shape of you ကိုဂျပန်ရိုးရာပုံစံ စောင်းနဲ့တီးခတ်ထားတဲ့ သီချင်းလေးကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး ပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)
comment