ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ရုပ်ရှင် အနုပညာပင်မအရင်းအမြစ်ကြီး အမေရိကန်နိုင်ငံ၊ ဟောလိဝုဒ် မှာဆိုရင် အော်စကာဆုရရှိဖို့ဆိုတာ သရုပ်ဆောင်တိုင်းမက်ရတဲ့ အိပ်မက်တစ်ခုပါပဲ။ ကြီးကျယ်ခမ်းနားတဲ့အော်စကာဆုပေးပွဲကြီးကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိကြပြီး အော်စကာဆုများကို သက်ဆိုင်ရာအနုပညာရှင်များထံ ချီးမြှင့်ပေးအပ်ကြပါတယ်။ ဆုရတဲ့ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေဟာနာမည်ကြီးတွေဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာအောင်မြင်ကျော်ကြားတဲ့သူတွေပါ။ ကမ္ဘာတစ်ဝှမ်းမှာ သျှမ်းသျှမ်းတောက်အောင်မြင်ပြီး ဟောလိဝုဒ် အော်စကာဆုတစ်ဆုမှ မရဖူးသေးတဲ့ မင်းသားတွေလဲရှိပါသေးတယ်။ သူတို့ရဲ့ ဇာတ်ကားတွေကလဲ အော်စကာဆုရဇာတ်ကားတွေ နည်းတူ ကမ္ဘာတစ်လွှားအောင်မြင်တဲ့ ဇာတ်ကားတွေပါ။ ဒါပေမဲ့ အော်စကာဆုတစ်ဆုမှမရဖူးကြပါဘူး။ သူတို့က ဘယ်သူတွေဖြစ်မလဲဆိုတာ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ကြရအောင်။
နာမည်ကြီး Avengers စီးရီး၊ Marvel စီးရီးမှ Iron Man မင်းသားကြီး Robert Downey Jr ဟာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်လက်ပါ။ Robert ဟာ အော်စကာဆုတစ်ဆုမှမရဖူးပေမဲ့ ဟောလိဝုဒ် မင်းသားတွေထဲက တတိယမြောက်ကြေးအကြီးဆုံးမင်းသားတစ်လက်ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားကို ဒေါ်လာ (၇၉) သန်းရရှိသူဖြစ်ပါတယ်။
WWE ချန်ပီယံ The Rock ဟာနောက်ပိုင်းမှာ အက်ရှင်ကားတွေရိုက်လာပြီးမင်းသားကောင်းတစ်လက်ဖြစ်လာပါတယ်။ အက်ရှင်လောကမှာ နာမည်ရလာတဲ့ The Rock ကတော့ ဟောလိဝုဒ် ဒုတိယမြောက်ကြေးအကြီးဆုံးပါ။ အော်စကာတစ်ဆုမှမရဖူးသေးပေမဲ့ဇာတ်ကားတစ်ကားကို (၁၁၉) သန်းရရှိသူဖြစ်ပါတယ်။
နာမည်ကျော် မင်းသားကြီး Tom Cruise ဟာလဲ တစ်ခါမှအော်စကာဆုမရဖူးသေးပါဘူး။ ဒါပေမဲ့ သူဟာ ဟောလိဝုဒ်မှာ ဒုတိယအချမ်းသာဆုံးစာရင်းဝင် မင်းသားကြီးပဲဖြစ်ပါတယ်။ သူပိုင်ဆိုင်ထားတဲ့ ငွေပမာဏကတော့ ဒေါ်လာ သန်း(၄၈၀) ဖြစ်ပါတယ်။
ပင်လယ်ဓားပြ မင်းသားကြီး Jonny Depp ဟာ သျှမ်းသျှမ်းတောက်အောင်မြင်ပေမဲ့ အော်စကာဆုတစ်ဆုမှမရဖူးသေးပါဘူး။ ဒါပေမဲ့ ဟောလိဝုဒ်မှာတော့ Tom Cruise ပြီးရင် Jonny Depp ကအချမ်းသာဆုံးပါ။ သူပိုင်ဆိုင်တဲ့ ငွေပမာဏကတော့ ဒေါ်လာ သန်း(၄၅၀) ဖြစ်ပါတယ်။
ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig ကလဲ တစ်ခါမှ အော်စကာမရဖူးသေးပါဘူး။ ဒါပေမဲ့ 007 ရဲ့ အောင်မြင်မှုကိုတော့ ပရိတ်သတ်ကြီးလဲသိမှာပါ။ တစ်ခါမှ အောင်စကာဆုမချိတ်နိုင်ခဲ့ပေမဲ့ Daniel Craig ရဲ့ ဝင်ငွေဟာတစ်ကားကို ပေါင် သန်း(၅၀) ရှိနေခဲ့ပါတယ်။
Avengers ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Thor မင်းသားကြီး Chris Hemsworth ဟာ နံပါတ်(၄) ကြေးအကြီးဆုံးမင်းသားကြီး ဖြစ်ပေမဲ့ အော်စကာတစ်ဆုမှ မရဖူးသေးပါဘူး။ Chris ကတော့တစ်ကားကို ဒေါ်လာ (၆၄.၅) မီလီယမ်ရရှိပါတယ်။
(ပိုပိုလေး)
comment