၂၀၀၀ ခုနှစ်ဝန်းကျင်လောက်က မြဝတီရုပ်သံလိုင်းမှာ ည (၇) နာရီ ဇာတ်လမ်းတွဲ အစီအစဉ်အဖြစ် ပထမဦးဆုံးထုတ်လွှင့်ပြသခဲ့တဲ့ “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ဇာတ်လမ်းတွဲဟာဆိုရင် မြန်မာပရိတ်သတ် ကိုးရီးယားကားတွေကိုစွဲလန်းလာစေတဲ့ ပထမဦးဆုံး ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” လို့ပြောလိုက်တာနဲ့ အွန်စောနဲ့ ဂျွန်စောဆိုပြီး တန်းမြင်ကြတာပါပဲနော်။ အွန်စောအဖြစ် မင်းသမီးကြီး ဆောင်းဟယ်ကျိုက သရုပ်ဆောင်ခဲ့ပြီး အွန်စောရဲ့ ငယ်ဘဝကို မင်းသမီးလေး မွန်ဂမ်ယောင်းက သရုပ်ဆောင်ခဲ့တာပါ။
မြန်မာပရိတ်သတ်တွေကတော့ ဆောင်းဟယ်ကျိုကို အွန်စောလို့မှတ်ထားပြီး အွန်စော ငယ်ဘဝကိုသရုပ်ဆောင်ခဲ့တဲ့ မွန်ဂမ်ယောင်းကိုတော့ အွန်စောငယ်ဆိုပြီး အလွယ်တကူမှတ်ထားကြပါတယ်။ အခုပြောပြချင်တာကတော့ အွန်စောငယ်မင်းသမီးလေးဟာ ၂၀၁၉ ခုနှစ်မှာ Catch the Ghost အမည်ရတဲ့ ဇာတ်ကားနဲ့ ရုပ်သံကြည့်ပရိတ်သတ်ရှေ့ကိုပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
Catch the ghost ဇာတ်လမ်းတွဲမှာ မွန်ဂမ်ယောင်းကို တက်ကြွတဲ့ အငယ်တန်းရဲမေတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီကားဟာ သူမ 2015 ခုနှစ် The Village: Achiara’s Secret ဇာတ်လမ်းတွဲအပြီး ၄ နှစ်ကြာမှာ ရိုက်ကူးမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ သူမ (၄) နှစ်အကြာရုပ်ရှင်ပရိတ်သတ်တွေနဲ့ ကင်းကွာသွားတာကလဲ ကျန်းမာရေးအခြေအနေကြောင့်ပဲဖြစ်ပါတယ်။
မွန်ဂမ်ယောင်းဟာ ဒီကြားထဲ့ ၂၀၁၆ Entourage ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး ကျန်တဲ့ အနုပညာလှုပ်ရှားမှုမျိုး ဒီနှစ်ပိုင်းတွေမှာမရှိခဲ့ပါဘူး။ ကျန်းမာရေးအခြေအနေကြောင့် သရုပ်ဆောင်အလုပ်ခေတ္တရပ်နားနေပေမယ့် သူမကို စောင့်မျှော်နေတဲ့ပရိတ်သတ်တွေကတော့ အစဉ်အမြဲရှိလို့နေပါတယ်။ (၄) နှစ်ကြာပြီးမှ တီဗွီဖန်သားပြင်ပေါ်ပြန်ရောက်လာတော့မယ့် မွန်ဂမ်ယောင်း(ခေါ်) အွန်စောငယ်ရဲ့ ဇာတ်လမ်းတွဲအသစ်ကို အတူစောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။ <3
(ပိုပိုလေး)