1. Home
  2. Movie Stars - Celebrity

ကချင်ရိုးရာဝတ်စုံကို ဖျက်စီးခဲ့မှုကြောင့် တာဝန်ယူဖြေရှင်းပေးဖို့ သတိပေးခံလိုက်ရတဲ့ ကျော်ကျော်နန္ဒ

Movie Stars - Celebrity เม.ย. 03, 2562 view 3,061

လတ်တလောလူမှုကွန်ယက်ပေါ်မှာ ဆက်ပက်သင်္ကြန်ဆိုတဲ့ သီချင်းနဲ့လူသိများထင်ရှားလာတဲ့ ကျော်ကျော်နန္ဒဟာဆိုရင် ဆန်းသစ်တဲ့ဖက်ရှင်တွေကို တီထွင်ဝတ်စားရင်း အနုပညာလောကထဲကိုထိုးဖောက်ဝင်ရောက်လာသူဖြစ်ပါတယ်။ အနုပညာသက်တမ်း ၁၀ နှစ်ရှိပြီဖြစ်တဲ့ ကျော်ကျော်နန္ဒကတော့ သင်္ကြန်ရောက်ခါနီတိုင်း သင်္ကြန်သီချင်းတွေကိုထွက်ရှိခဲ့ပေမယ့် ပရိသတ်တွေကသတိမထားမိခဲ့ကြပဲ ယခုနှစ်မှာထွက်ရှိတဲ့ “ဆက်ပက်သင်္ကြန်” သီချင်းထဲမှာ သူမတူတဲ့ အလန်းစားဖက်ရှင်တွေကို ၀တ်စားပြခဲ့မှုကြောင့် ပရိသတ်တွေကစတင်သိရှိလာကာ ဆယ်လီဖြစ်လာတာပဲဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ဆယ်လီ ကျော်ကျော်နန္ဒတစ်ယောက်ကတော့ မနေ့က ဧပြီ (၂) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သျှင်နေမင်းရဲ့ သင်္ကြန်အကြိုဖက်ရှင်ရှိုးပွဲကို ဆံထုံးတော်ကြီးတမာသီးနဲ့ ထုံးစံအတိုင်းခပ်ဟော့ဟော့ဖက်ရှင်ကိုဝတ်စားကာ တက်ရောက်ခဲ့ပါတယ်။ ကျော်ကျော်နန္ဒဟာဆိုရင် ကချင်လူမျိုးများတန်ဖိုးထားကြရတဲ့ ကချင်ရိုးရာဝတ်စုံကို ဆန်းသစ်တီထွင်ပြီးဝတ်ဆင်ကာ ပွဲတက်ရောက်ခဲ့ပြီး သူ့ရဲ့ပုံတွေကိုလည်း လူမှုကွန်ယက်မှာမျှဝေခဲ့ပါတယ်။

ကျော်ကျော်နန္ဒရဲ့ ပုံရိပ်တွေနဲ့ ထိုပွဲတက်ဝတ်စုံက တိုင်းရင်းသားရိုးရာဝတ်စုံကို ဖျက်စီးလိုက်သည့်သဘောသက်ရောက်ခဲ့မှုကြောင့် တာဝန်ယူဖြေရှင်းပေးရန် ကချင်လူမျိုးတို့ရဲ့ကိုယ်စား Kachin Youth Movement ဆိုတဲ့ Page ကနေ ကျော်ကျော်နန္ဒကို သတိပေးလိုက်တာဖြစ်ပါတယ်။

ထိုဝတ်စုံကို ဖန်တီးဝတ်ဆင်ခဲ့မှုနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းထားခြင်းမျိုးမရှိသေးပေမယ့် သူ့ရဲ့ပုံတွေကိုတော့ ဆိုရှယ်မီဒီယာတွေမှာ ထပ်ဆင့်တင်ပြီး အထင်လွဲအောင်မပြုလုပ်ကြဖို့နဲ့ တိုင်းရင်းသားအားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကိုသာရယူလိုကြောင်းကို ကျော်ကျော်နန္ဒက သူ့ရဲ့လူမှုကွန်ယက်ကနေ ရေးတင်ထားတာကိုတွေ့ရပါတယ်။

 

(ပိုပိုလေး)



Follow us on