1. Home
  2. Movie Stars - Celebrity

မိန်းကလေးနဲ့တူလွန်းလို့ ကောင်လေးတွေဝိုင်း crush တာခံနေရတဲ့ ဖိလစ်ပိုင်မိတ်ကပ်ပညာရှင်လေး

Movie Stars - Celebrity เม.ย. 02, 2562 view 3,023

Ryan Zachary Acuin  လို့အမည်ရတဲ့ ဖိလစ်ပိုင်နိုင်ငံက ဆယ်ကျော်သက်အရွယ် မိတ်ကပ်ပညာရှင်လေးဟာ သူ့ကိုယ်ပိုင် Youtube Channel မှ ဗွီဒီယိုဖိုင်လေးတစ်ခုကြောင့် နာမည်ကြီးလာပါတယ်။ အဆိုပါ ဗွီဒီယိုထဲမှာ Ryan ကမိန်းကလေးတစ်ယောက်လို ပြင်ဆင်ထားတဲ့အတွက် သူ့ကို ကြည့်ရှုသူများက မိန်းကလေးလို့ ထင်မှတ်ခဲ့ကြတာပါ။

အမှန်တကယ်က သူဟာယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး ဂေးတစ်ဦးအဖြစ် အတိအလင်းဝန်ခံထားတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ryan ကို မိန်းကလေးလို့ ထင်မှတ်ပြီး Crush တဲ့ယောင်္ကျားလေးတွေလဲအများအပြားရှိခဲ့ပါတယ်။ ဒါပေမဲ့ Ryan ဟာ မိန်းကလေးတွေထက်တောင် ချစ်စရာကောင်းနေတာဖြစ်တဲ့အတွက်  ယောင်္ကျားလေးမှန်းသိသိရက်နဲ့တောင် ဆက်ပြီးကြိုက်နှစ်သက်တဲ့ ကောင်လေးတွေလဲအများအပြားရှိနေပါတယ်။

Ryan ကိုကြိုက်နှစ်သက်တဲ့ ယောင်္ကျားသားတွေထဲမှာ မြန်မာနိုင်ငံကလဲ အများဆုံးအပါအဝင်ဖြစ်နေပါတယ်။ လက်ရှိမှာတော့ Ryan က အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ယောင်္ကျားသားတွေကို အလွှမ်းမိုးထားနိုင်ဆုံးလို့ပြောရမှာပါပဲ။ သူ့ကို Transgender(လိင်ပြောင်းဖို့ အစီအစဉ်) ရှိမရှိ မေးမြန်းတဲ့အခါမှာတော့ လတ်တလောမရှိသေးပေမဲ့ နောင်တော့ မပြောတတ်သေးဘူးလို့ လူမှုကွန်ယက်ကနေတစ်ဆင့် ဖြေကြားထားပါတယ်။

လတ်တလောမှာ Ryan ကိုကြိုက်နှစ်သက်တဲ့ ဖန်တွေ ပိုမိုများပြားလာပါတယ်။ Ryan ဟာ ဖေ့ဘွတ်ခ်မှာ followers တစ်သိန်းကျော်ရရှိထားပြီး Youtube မှာလဲ Subcribers ၅ ထောင်ကျော်ရရှိထားပြီဖြစ်ပါတယ်။ ငယ်ရွယ်သေးပေမဲ့ သူ့ရဲ့ မိတ်ကပ်ပညာအစွမ်းကလဲ အံ့မခန်းပါပဲ။ သူပြင်ဆင်ထားတဲ့ မိတ်ကပ်ပညာကို ကြည့်ရှုခံစားကြည့်ပါဦး ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

Photo Credit-Ryan Zachary Acuin



Follow us on