1. Home
  2. Boxing

အောင်လအန်ဆန် ကို လှောင်အိမ်ထဲဝင် စိန်ခေါ်သွားတဲ့ ဘရန်ဒန် နဲ့ အောက်တိုဘာတွင် တွေ့ကြမည်

Boxing เม.ย. 01, 2562 view 2,157
မတ်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ “ကန်ဟာဆီဂါဝါ” ကို “အောင်လအန်ဆန်” က ဒုတိယအချီမှာ ပွဲစိမ်းလက်သီးနဲ့ အလဲထိုးခဲ့ပြီးနောက် အောင်ပွဲခံနေစဉ် ဟဲဗီးဝိတ်ချံပီယံ “ဘရန်ဒန် ဘယ်ရာ” က လှောင်အိမ်ထဲ ဝင်လာပြီး “အောင်လအန်ဆန်” ကို တလေးတစားနဲ့ စိန်ခေါ်သွားခဲ့ပါတယ်။
 
 
“ဘရန်ဒန်” ရဲ့ စိန်ခေါ်မှုကို “အောင်လအန်ဆန်” က လက်ခံလိုက်ပြီး လာမည့် အောက်တိုဘာလတွင် တိုကျိုမြို့မှာပဲ လိုက်ဟံဗီးဝိတ်ချံပီယံခါးပတ်ကို “အောင်လအန်ဆန်” အနေနဲ့ ကာကွယ်သွားရမှာဖြစ်ပါတယ်။
 
“အောင်လအန်ဆန်” ဟာ မစ်ဒယ်ဝိတ်တန်း ချံပီယံခါးပတ်ကို “A News Era” ပွဲကြီးမှာ တတိယအကြိမ်ကာကွယ်နိုင်ခဲ့ပြီး လိုက်ဟံဗီးဝိတ် ခါးပတ်ကိုတော့ ပထမဦးဆုံးအကြိမ် ကာကွယ်သွားမှာဖြစ်ပါတယ်။
 
မနေ့ညက ယှဉ်ပြိုင်မှုအပြီးမှာ “ဘရန်ဒန် ဘယ်ရာ” လှောင်အိမ်ထဲဝင်လာပြီး “အောင်လအန်ဆန်” ရဲ့ အောင်မြင်မှုကို ဦးစွာချီးကျူးခဲ့ပြီးမှ လေးလေးစားစားနဲ့ လိုက်ဟဲဗီးဝိတ်ယှဉ်ပြိုင်ဖို့ စိန်ခေါ်သွားခဲ့တာပါ။
 
“မစ္စတာအောင်လ၊ ကွန်ဂရက်ကျူလေးရှင်းပါ။ ခင်ဗျားကတော့ တစ်ကယ့်ယောက်ျားပီသသူတွေထဲကမှ တစ်ကယ်ယောက်ျားပဲဗျာ”
 
“တစ်ခုလောက် မေးပါရစေ.. ကျနော်တို့နှစ်ယောက်လုံး ကျန်းမာရေးလည်းကောင်းတယ်၊ အဆင်လေည်းပြေတယ်၊ နှစ်ယောက်လုံးကလည်း သဘောတူမယ်ဆိုရင်ပေါ့ဗျာ၊ လာမယ့်အောက်တိုဘာ ဂျပန်မှာ ကျနော်တို့နှစ်ယောက် ဆုံလို့ရမလား၊ လိုပ်ဟဲဗီးဝိတ် ချံပီယံခါးပတ်အတွက် ခင်များကို ကျနော်စိန်ခေါ်ပါရစေ” လို့ ‘ဘရန်ဒန်’ က ကန်းလှမ်းခဲ့ပါတယ်။
 
 
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မြန်မာ့စပါးအုံး “အောင်လအန်ဆန်” ကလည်း တုံ့ဆိုင်းနေခြင်းမရှိပဲ စိန်ခေါ်မှုကို ချက်ခြင်း လက်ခံလိုက်ပါတယ်။
 
“ကျနော်က ‘ဘရန်ဒန်’ ရဲ့ ပရိသတ်ပါ အခုလို ထိုးသတ်ခွင့်ရမှာကို အများကြီးဂုဏ်ယူပါတယ်” လို့ “အောင်လအန်ဆန်” က ပြောကြားခဲ့ပါတယ်။
 
ဒီပွဲကိုတော့ ONE: Greatness Unleashed လို့ အမည်သတ်မှတ်ထားပြီး ONE Championship ရဲ့ အကြီးအကဲတွေရဲ့ ခွင့်ပြချကို ရယူပြီးတာနဲ့ သတင်းထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
 
အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံသားအဖြစ် ခံယူထားတဲ့ “ဘရန်ဒန် ဘယ်ရာ” ဟာ လက်ရှိ ONE Championship ရဲ့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချံပီယံဖြစ်ပါတယ်။ ‘ဘရန်ဒန်’ က အမေရိကန်လေတပ်က စစ်မှူထမ်းဟောင်းဖြစ်ခဲ့ဖူးပြီး လက်မောင်ဒဏ်ရာကြောင့် ၁၉၉၉ ခုနှစ်မှာ စစ်တပ်က အနားယူခဲ့ပါတယ်။
 
အဲဒီကစလို့ နပန်းကို အကောင်းဆုံးဆရာတွေဆီမှာ သင်ယူခဲ့ပြီးနောက် MMA လောကထဲသို့ ဝင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်ကယှဉ်ပြိုင်ခဲ့ရာမှာ ပထမအချီမှာတင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူခဲ့သူပါ။ အဲဒီနောက် ၁၂ နှစ်တိုင်တိုင် မြောက်အမေရိကရဲ့ ထင်ရှားတဲ့ MMA အဖွဲ့အစည်းတွေမှာ ကစားခဲ့ပါတယ်။အဖွဲ့အစည်းတွေမှာ ကစားခဲ့ပါတယ်။
 
 
“ဘရန်ဒန် ဘယ်ရာ” ဟာ အသက် ၄၁ နှစ်ရှိပြီဖြစ်ပြီး ကစားသမားမှတ်တမ်းအရ ၁၆ ပွဲနိုင် ၄ ပွဲရှုံးနိမ့်ထားပါတယ်။ အနိုင် ၁၆ ပွဲမှာ ၁၁ ပွဲက အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
 
မြန်မာ့စပါးအုံး “အောင်လအန်ဆန်” က ONE Championship ရဲ့ မစ်ဒယ်ဝိတ် နဲ့ လိုက်ဟဲဗီးဝိတ် နှစ်ခုရဲ့ ကမ္ဘာ့ချံပီယံဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး ကစားသမား မှတ်တမ်းအရ (၂၅)ပွဲနိုင် (၁၀)ပွဲရှုံးနိမ့်ထားပါတယ်။ လက်ရှိမှာတော့ ၆ ပွဲဆက်တိုက် အနိုင်ရထားသူဖြစ်ပါတယ်။
 
လာမယ့် အောက်တိုဘာလမှာ ယှဉ်ပြိုင်မယ့် လိုက်ဟဲဗီးဝိတ် ပွဲစဉ်ကလည်း မြန်မာပရိသတ်တွေကို ရင်ခုတ်သံမြန်စေဦးမယ့် ပွဲတစ်ပွဲဖြစ်မှာသေချာပါတယ်။
 

 



Follow us on