မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့ သီချင်းဆိုပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ The Voice Myanmar 2018 ရဲ့ Winner ဖြစ်သူ ကိုငွေစိုးဟာဆိုရင် သူ့ရဲ့ပထမဆုံးသီချင်းခွေ တစ်ကိုယ်တော်အယ်လ်ဘမ်ကို ထွက်ရှိဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ သီချင်းတွေကို အသံအားကောင်းကောင်းနဲ့ Mood အပြည့်ထည့်ကာသီဆိုလေ့ရှိပြီး ရိုးသားတဲ့ဟန်နဲ့ စကားပြောရင်လဲတည်ငြိမ်အေးဆေးသူဖြစ်တာကြောင့် ပရိသတ်တွေက အခိုင်အမာဝန်းရံအားပေးခဲ့ကြတာဖြစ်ပါတယ်။
The Voice Myanmar 2018 ရဲ့ Final ပြိုင်ပွဲမှာ တေးဆိုထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့သတို့သမီး (ဧရာဝတီ) သီချင်းနဲ့ယှဉ်ပြိုင်ခဲ့ပြီး မြန်မာတို့ရဲ့နှလုံးသားကို သိမ်းပိုက်ဖမ်းစားနိုင်ခဲ့တာကြောင့် Winner ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလဲဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးဆုံးသွားပြီနောက် ဂီတအလုပ်တွေကို ဆက်လက်လုပ်ကိုင်ကာ တေးသီချင်းတွေလဲ ထွက်ရှိခဲ့ပါတယ်။
ယခုတစ်ခါမှာတော့ ကိုငွေစိုးအနေနဲ့ ပထမဆုံး တစ်ကိုယ်တော်သီချင်းအယ်လ်ဘမ် ထွက်ရှိဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပထမဆုံးသီချင်းခွေကို ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့သာ ထုတ်သွားမှာဖြစ်ပြီး သီချင်းခွေကိုတော့ မေလပိုင်းထဲမှာထွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲဝင်စဉ်က ဆရာဖြစ်ခဲ့တဲ့ အဆိုတော်လင်းလင်းနဲ့အတူပူးပေါင်းပြီး သီချင်းခွေကိုပြင်ဆင်နေသလို လင်းလင်းရေးပေးထားတဲ့ သီချင်းတွေကိုထည့်သွင်းသီဆိုသွားမှာဖြစ်ကြောင်းနဲ့ ပရိသတ်အကြိုက်တွေ့မယ့် အလွမ်းအဆွေးသီချင်းများပါဝင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
သိပ်မကြာခင်ထွက်ရှိတော့မယ့် သီချင်းခွေအတွက် စီးရီးနာမည်ကို အဆိုတော်လင်းလင်းကပဲ ရွေးပေးမှာဖြစ်တယ်လို့သိရပါတယ်။ တစ်ကိုယ်တော်အယ်လ်ဘမ်ထဲမှာတော့ သီချင်းအပုဒ်ရေ ၉ ပုဒ်၊ ၁၀ ပုဒ်သာပါဝင်မှာဖြစ်ပေမမယ့် Pop နဲ့ Rock အမျိုးအစားသီချင်းတွေဖြစ်ပြီး ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးထားတဲ့ သီချင်း ၂ ပုဒ်လဲပါဝင်ကာ ပရိသတ်အကြိုက်တွေ့စေမယ့်သီချင်းတွေဖြစ်ကြောင်း အခိုင်အမာပြောကြားသွားပါတယ်။
ကဲ ပရိသတ်ကြီးရေ ကိုငွေစိုးကြီးရဲ့ သီချင်းခွေထွက်လာရင်လဲ အားပေးကြမယ်မလား...
(ပိုပိုလေး)
comment