1. Home
  2. Movie Stars - Celebrity

ဒဏ္ဍာရီထဲက စနိုးဝှိုက်မင်းသမီးလေးလို လှနေတဲ့ဖွေးဖွေးရဲ့ ပုံရိပ်များ

Movie Stars - Celebrity มี.ค. 13, 2562 view 2,391

အကယ်ဒမီးများရှင် ရွှေမင်းသမီးလေးဖွေးဖွေးဟာ ဒီနှစ်ပိုင်းမှာလဲ “မုန်းစွဲ”၊
“သမ္မတကြီးထံပေးစား” တို့နဲ့ အမျိုးသမီးဇာတ်ဆောင်ဆု မှန်းထားခံရသူတစ်ဦးပါ။

ဖွေးဖွေးဟာ ပြောစရာမလိုအောင် သရုပ်ဆောင်ပိုင်းမှာ ပီပြင်လှတဲ့ မင်းသမီးကောင်းတစ်လက်ဆိုတာ ဖွေးချစ်သူပရိတ်သတ်တွေသိမှာပါနော်။ ဖွေးလေးက သရုပ်ဆောင်ကောင်းသလို ဖွေးရဲ့ဖက်ရှင်တွေကလဲ စမတ်ကျပြီး အမြဲချစ်စရာကောင်းနေပါတယ်။

ဖွေးဟာ အောင်မြင်လာပြီးနောက်ပိုင်းကြော်ငြာအများအပြားရိုက်ကူးရတဲ့ မင်းသမီးတစ်လက်ဆိုလဲမမှားပါဘူး။ လတ်တလော ဖွေးက Ice Candy Power Bank ကြော်ငြာလေး ရိုက်ကူးနေခဲ့တာပါ။ ဒီ power bank ကြော်ငြာလေးမှာ ဖွေးဖွေးက စနိုးဝှိုက်လေးလို ဝတ်စားထားတာဖြစ်ပါတယ်။

ဖွေးဝတ်ထားတဲ့ စနိုးဝှိုက်ဝတ်စုံလေးကို ဒီဇိုင်နာ ငြိမ်းကိုကချုပ်ပေးထားတာဖြစ်ပါတယ်။ ဆံပင်ပုံစံလေးတွေရောစနိုးဝှိုက်လေးလို တူအောင်ပြင်ဆင်ထားတာကြောင့် Disney ကာတွန်းထဲက စနိုးဝှိုက်မင်းသမီးလေး အပြင်ကိုထွက်လာသလားလို့တောင် ထင်မှတ်ရပါတယ်နော်။

ပရိတ်သတ်ကြီးရေ စနိုးဝှိုက်မင်းသမီးဂါဝန်လေးနဲ့ လှနေတဲ့ဖွေးကချစ်ဖို့ကောင်းတယ်မဟုတ်လား။ ပရိတ်သတ်ကြီးရဲ့ ထင်မြင်ချက်လေးတွေရေးသွားကြပါဦး။

(ပိုပိုလေး)



Follow us on