ကစ်ကစ်လို့ ပရိသတ်တွေကချစ်စနိုးခေါ်ဝေါ်ကြတဲ့ မင်းသမီးလေးဝတ်မှုန်ရွှေရည်ကတော့ ရွှေမှုန်တွေစားပြီးမွေးဖွားလာသလားထင်မှတ်ရအောင် အဆင်းရော၊ အချင်းရော ပြည့်စုံလှပသူလေးဖြစ်ပါတယ်။ ဖြူဖွေးနုဖတ်လွန်းတဲ့ အသားအရည်နဲ့ အရုပ်မလေးတမျှ မထိရက် မကိုင်ရက်အောင် လှပလွန်းတာကြောင့် သူမကိုသဲသဲလှုပ်ချစ်နေကြရတဲ့ ပရိသတ်ကြီးကတော့ အခိုင်အမာပါပဲ။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်မျိုးစုံကို ပီပီပြင်ပြင်သရုပ်ဆောင်ပြနိုင်တဲ့ ထူးချွန်တဲ့အရည်အချင်းတွေကြောင့် အကယ်ဒမီဆု ၂ ဆုကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ကြော်ငြာမင်းသမီးဘ၀နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ ရွှေကစ်လေးဟာဆိုရင် လက်ရှိမြန်မာ့အနုပညာလောကရဲ့ ထိပ်တန်းငွေကြယ်ပွင့်တစ်ဦးလည်းဖြစ်ပါတယ်။ ပရိသတ်ရဲ့တစ်ခဲနက်အားပေးမှုတွေနဲ့အတူ အောင်မြင်မှုတွေကို နှစ်များစွာပိုင်ဆိုင်ထားတဲ့ ရွှေကစ်လေးဟာဆိုရင် ယနေ့ထိတိုင်အနုပညာအလုပ်တွေကို မနားမနေအဆက်မပြတ်အောင် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ရွှေကစ်လေးကတော့ သရုပ်ဆောင်မင်းသမီးတစ်ယောက်အပြင် တစ်ချို့သော စီးပွားရေး Brand တွေရဲ့ Ambassador အဖြစ်လည်း ခန့်အပ်ခံထားရသူပါ။
မင်းသမီးလေး ၀တ်မှုန်ရွှေရည်ရဲ့အောင်မြင်မှုတွေကတော့ မြန်မာနိုင်ငံမှာသာမက အာရှနိုင်ငံများထိပါ ပြန့်ကျက်လို့နေပါပြီ။ ထိုင်း၊ စင်္ကာပူ၊ ကိုရီးယားနိုင်ငံတွေထိပါ အားပေးခြင်းခံရတဲ့ ရွှေကစ်လေးဟာဆိုရင် ယခုတစ်ခါမှာလည်း ဂျပန်နိုင်ငံရဲ့ တရားဝင် Website တစ်ခုမှာ သူမရဲ့အကြောင်းတွေကို ရေးသားဖော်ပြခြင်းခံလိုက်ရပြန်ပါပြီ။
ကမ္ဘာကျော် နာရီ Brand တစ်ခုဖြစ်တဲ့ “Casio” ရဲ့မြန်မာနိုင်ငံကိုယ်စားပြု Brand Ambassador အဖြစ်ခန့်အပ်ခံထားရတဲ့ ၀တ်မှုန်ရွှေရည်ကို “Casio Japan” ရဲ့ တရားဝင် website စာမျက်နှာကနေ သူမရဲ့အလှပုံရိပ်လေးတွေနဲ့တကွ သူမရဲ့ဂုဏ်ပုဒ်တွေကိုပါ ထည့်သွင်းဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ယခုလို ထည့်သွင်းဖော်ပြခြင်းခံရတဲ့ ကစ်လေးတစ်ယောက်အရမ်းတွေ ပျော်ရွှင်နေသလို သူမရဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ်။
(ပိုပိုလေး)
comment