1. Home
  2. Myanmar News

ရန်ကုန်သင်္ကြန်မှာ SEXY ဆန်ဆန်ဖျော်ဖြေမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်

Myanmar News มี.ค. 07, 2562 view 1,975

ယနေ့ မတ် ၇ ရက်နေ့ကရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ အစည်းအဝေး မှာ သင်္ကြန်ရက်အတွင်း အနုပညာရှင်တွေ Sexy ဆန်ဆန် ဖျော်ဖြေမှုဖေတာတွေကို အရေးယူသွားမယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောဆိုလိုက်ပါတယ်။

ဒါဟာ ရန်ကုန်မြို့တော်ဝန် သင်္ကြန်အတွက် သရုပ်ပျက် ဝတ်စားဆင်ယင်တာတွေနဲ့ ဖျော်ဖြေတာတွေ ပါမလာစေဖို့အတွက်လို့ ဆိုပါတယ်။

မြို့တော်ဝန် ဦးမောင်မောင်စိုးက “အများနဲ့ မသင့်တော်တဲ့ဟာမျိုး၊ ကိုးရိုးကားရား အဝတ် အစားတင်မကဘူး၊ ဟန်အမူရာကအစ အဲဒါတွေက မလုပ်သင့်ဘူးထင်တယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်မှာ ဖျော်ဖြေမယ့်  အနုပညာရှင်ဖိတ်ကြားမှုတွေကို သဘင်ဂီတနဲ့ ရုပ်ရှင်အစည်းအရုံးတွေက ဦးဆောင်မှုနဲ့အညီ စေတနာအလျောက် လာရောက်ဖြေဖျော်သူတွေကို ရွှေးချယ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်သင်္ကြန်အတွက် တက်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ မြို့တော်ဝန်က ဆက်ပြောပါတယ်။

“ပြီးရင် ဖေ့ဘွတ်ခ်ပေါ်မှာ တက်လာကြတယ်။ အဲဒါကို ကြောက်လို့ ကြိုတင်ကာကွယ် ထားတာ။ အရေးယူဖို့ကတော့ တိုင်ရင်တော့ သက်ဆိုင်ရာ အဖွဲ့အစည်း အုပ်စုတွေ တဦးချင်း ဖြစ်စေ၊ အဖွဲ့နဲ့ ဖြစ်စေ အရေးယူမှာပေါ့” လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော်သင်္ကြန်မှာ လမ်းလျောက်သင်္ကြန်တွေ၊ စတုဒီသာသင်္ကြန်တွေ ပါဝင်မှာဖြစ်တဲ့အပြင် ကုမ္ပဏီမဏ္ဍပ်တွေကိုလည်း လွတ်လွတ်လပ်လပ် ခွင့်ပြုပေးသွားမယ်လို့ မြိုတော်ဝန်က ဆိုပါတယ်။



Follow us on