ပရိသတ်တိုင်း ချစ်ခင်အားပေးကြရတဲ့ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုလေးကတော့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကြောင့် ပြည့်စုံတဲ့မိသားစုလေးဖြစ်နေကာ ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတာပါ။ ချစ်သုဝေနဲ့ လင်းလင်းတို့နှစ်ယောက်လုံးကို ပရိသတ်တွေက ချစ်ခင်အားပေးကြရသလို သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလည်း ချစ်စရာအလွန်ကောင်းတာကြောင့် အားလုံးရဲ့အသဲကျော်လေးတွေဖြစ်နေကာ တစ်မိသားစုလုံးကို ချစ်ခင်နေကြတာပဲဖြစ်ပါတယ်။
ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် အသက် ၂ နှစ်ကျော်အရွယ်ရောက်လာကာ တစ်နေ့တစ်ခြားစကားတွေပိုတတ်ပြီး အလွန်လည်လာတဲ့ ခေတ်နဲ့သစ်ကတော့ မေမေချစ်သုဝေခရီးသွားနေတုန်း ဖေဖေလင်းနဲ့အတူ မေမေချမှတ်ထားတဲ့စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ခိုးလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ခရီးကနေ ပြန်ရောက်လာတဲ့ ချစ်သုဝေက စစ်မေးလိုက်တဲ့အခါမှာတော့ ဖေဖေနဲ့ခိုးလုပ်ထားသမျှတွေ ဘူးပေါ်သလိုပေါ်ကုန်တာပဲဖြစ်ပါတယ်။
မလိမ်တတ် မညာတတ်အောင် သင်ပေးထားတဲ့မေမေ့စကားကိုနားထောင်ကာ ဖေဖေနဲ့ပေးထားတဲ့ကတိကိုဖျက်လိုက်ကာ အမှန်အတိုင်းပြန်ပြောပြခဲ့တဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးက ချစ်စရာကောင်းလွန်းတာကြောင့် ကြည့်မိသူတိုင်းကလဲ သဘောကျလို့နေကြပါတယ်။ ဗီဒီယိုဖိုင်ကိုတော့ လင်းလင်းက သူ့ရဲ့ဖေ့စ်ဘွတ်ကနေတင်ထားတာဖြစ်ပြီး “အဖေနဲ့သမီးဆိုတာ အမေကိုပူးပေါင်းလိမ်ဖို့ (အဲ ဟုတ်ပါဘူး) ပူးပေါင်းကူညီဖို့ဆိုပြီး စနောက်ရေးသားကာ တင်ထားတာပဲဖြစ်ပါတယ်။ ဖေဖေနဲ့ပေါင်းပြီး ခိုးလုပ်ထားသမျှတွေ မေမေ့ရှေ့မှာအမှန်အတိုင်းပြောပြခဲ့ကြတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုကိုပါ မျှဝေပေးလိုက်ပါတယ်။
comment