1. Home
  2. Health Fix

ခြေသည်းညှပ်ပေးရာမှ အသားထိသွားလို့ ဖြတ်လိုက်ရတဲ့ ဆယ်လသားအရွယ် ကလေးငယ်

Health Fix ก.พ. 18, 2562 view 2,503

တရုတ်နိုင်ငံမှ မိခင်တစ်ဦးဟာ သူမရဲ့ဆယ်လသားကလေးငယ်ကို ခြေသည်းညှပ်ပေးရာမှ မတော်မဆ ထိုက်ခိုက်မိခဲ့ပါတယ်။ ကလေးငယ်ရဲ့ ခြေသည်းဟာ ရှည်နေတာကြောင့် ညှပ်ပေးရင်း မတော်မဆ အသားပါသွားခဲ့တာဖြစ်ပါတယ်။ ဒါကို မိဘတွေက တစ်ရက် နှစ်ရက်လောက် နေရင် ပျောက်မယ်ဆိုပြီး အမူမဲ့ အမှတ်မဲ့နေခဲ့ကြပါတယ်။

တစ်ရက် နှစ်ရက်နဲ့ ကလေးငယ်ရဲ့ခြေထောက်ရာ ပျောက်မလာဘဲ တစ်ဖြည်းဖြည်းနဲ့ ရောင်ရမ်းလာခဲ့လို့ ဆရာဝန်ဆီ ပြသခဲ့ရာ Dr. Luu Thanh Chi က ကလေးငယ်ရဲ့ခြေထောက်မှာ ပိုဝင်နေတယ် လိုဆိုပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် ခြေသည်းညှပ်ပေးရာမှာ မိခင်တွေ အနေနဲ့ အထူူးဂရုစိုက်သင့်တဲ့ အရာတွေကိုမှာကြားခဲ့ပါတယ် ကလေးငယ်တွေရဲ့ခြေသည်းကို သန့်ရှင်းရေးအမြဲလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ခြေသည်းညှပ်တာမျိုး က အရမ်းရှည်းလာတဲ့အခါမှ ညှပ်ပေးသင့်ပါတယ်။ နောက်ညှပ်တဲ့အခါမှာလည်း ခြေသည်းကုန်အာင်ထိ ညှပ်ပေးစရာမလိုဘဲ ခြေသည်းက အနည်းငယ် တိုးရင် အဆင်ပြေတယ်လို့ဆိုပါတယ်။ ကလေးတွေဟာ ငယ်သေးတာမို့ လှုပ်လှုပ်ရှားရှား လုပ်လိုက်ရင် အသားကို ထိခိုက်သွားနိုင်တာမို့ ညှပ်တဲ့ အခါ ညဖက် အိပ်နေတဲ့ အချိန်က ပိုပြီး သင့်တော်တယ်လို့ Dr. Luu Thanh Chi ကအကြံပေးထားပါတယ်။

မွေးကင်းစကလေးအရွယ်တွေရဲ့ အသားအရေဟာ အရမ်းနူးည့ံမှုရှိပြီး ထိခိုက်လွယ်လွန်းတာကြောင့် မိဘတွေအနေနဲ့ လက်သည်း ခြေသည်းညှပ်ပေးတဲ့အခါမှာ အရမ်းဂရုစိုက်သင့်ပါတယ်။ လက်သည်း ၊ ခြေသည်း ညှပ်ရာမှာ ဓါး ၊ ကပ်ကြေးတို့ကို မသုံးသင့်ဘဲ ့လက်သည်း ၊ ခြေသည်း ညှပ် ပစ္စည်းတို့ကိုသာ အသုံးပြုသင့်တယ်လို့ အကြံပေးထားပါတယ်။

(ပိုပိုလေး)

 



Follow us on