သင့်စိတ်ကူးထဲက လိုချင်တဲ့ ideal type လူနဲ့ လက်ထပ်ရတယ်လို့ အိပ်မက်မြင်မက်တာဟာ သင်မျှော်လင့်စောင့်စားနေတဲ့ ကြီးကျယ်ခမ်းနားမှုမျိုး မကြာခင် သင့်ဆီရောက်ရှိလာတော့မယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။
မင်္ဂလာပွဲတစ်ခုမှာ သင်ဟာအဓိက လူတစ်ယောက်ဖြစ်ပြီး တောက်ပပြီး လှပလွန်းတဲ့ဝတ်စုံကို ဝတ်ဆင်ထားရတယ်လို့ အိပ်မက်မက်တာဟာ စိတ်ညစ်စရာ ကိစ္စရပ်တွေသင့်ဆီရောက်ရှိလာတော့မှာဖြစ်ပါတယ်။
ရည်းစားဟောင်းနဲ့ လက်ထက်ရတယ်လို့ အိပ်မက်မက်တာဟာ သင့်စိတ်တွေ ကစဉ့်ကလျားဖြစ်နေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။
ကိုယ်တိုင်ကျင်းပပြုလုပ်တဲ့ လက်ထပ်မင်္ဂလာပွဲကို တစ်စုံတစ်ယောက်မျှ တက်ရောက်ခြင်းမရှိဟု အိပ်မက်မြင်မက်တာဟာ သင်ကိုယ်တိုင်သတိမထားမိတဲ့ သင့်ရဲ့ လိုအပ်ချက်တွေကိုမကြာခင်သိရှိနိုင်တော့မယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။
ဘယ်သူမှမသိအောင် တိတ်တဆိတ်လက်ထပ်မင်္ဂလာပွဲပြုလုပ်ရတယ်လို့ အိပ်မက်မြင်မက်တာဟာ ကိုယ်တိုင်မလွဲမသွေကြုံတွေ့ရတော့မယ့် ပြဿနာအချို့ ပေါ်ပေါက်လာတော့မယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။
မင်္ဂလာပွဲ အလျင်မမှီတော့ပဲနောက်ကျနေတယ်လို့ အိပ်မက်မြင်မက်တယ်ဆိုရင် သင့် relationship မှာမျက်ရည်ကျစရာ ကိစ္စရပ်တွေဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။