ပုံစံမတူတဲ့ ကိုးရီးယားဒရာမာဇာတ်လမ်းတွဲ မျိုးစုံရှိကြပါတယ်။ အချစ်၊ အလွမ်း၊ နန်းတွင်းကား၊ ဒရာမာ၊ ဖန်စီ ဇာတ်ကားတွေကို ပရိတ်သတ်တွေက အားပေးကြသလို ဘဘာဝလွန် စိတ်ကူးယဉ်ဆန်ဆန်ဇာတ်ကားတွေကိုလဲ အထူးတလည်အားပေးခဲ့ကြတာတွေ့ဖူးမှာပါ။ ဒီမှာ သဘာဝလွန်ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်လွန်းတဲ့မင်းသား (၁၀)ဦးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောကြည့်ရှုလိုက်ရအောင်။
မိန်းကလေး ပရိတ်တွေကြားမှာ ‘ဦး’ လို့တင်စားခေါ်ဝေါ်ကြတဲ့ Gong Yoo ကတော့ Goblin ဇာတ်လမ်းတွဲမှာ မှင်စာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
Lee Jong Suk ကတော့ W:Two worlds မှာ ရုပ်ပြကာတွန်းထဲကနေ ပြင်ပလောကကို ထွက်လာတဲ့ ကာတွန်းဇာတ်ကောင်အဖြစ်ပီပြင်စွာသရုပ်ဆောင်ထားတာတွေ့ရမှာပါ။
DOTS မင်းသားလို့ နာမည်ကြီးတဲ့ ဆောင်ဂျွန်ကီကတော့ Werewolf boy movie မှာ သမန်းဝံပုလွေ အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
Lee Dong Wook ကတော့ Goblin ဇာတ်လမ်းမှာ သေမင်းအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
အဆိုတော်၊သရုပ်ဆောင် Lee Seung Gi ကတော့ Hwayugi ဒဏ္ဍာရီလာ ဇာတ်လမ်းမှာ ဆွန်းအိုဂုံ မျောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။
Kim So Hyun ကတော့ My Love from another star ဇာတ်လမ်းတွဲမှာ ကြယ်ပေါ်ကလာတဲ့ ဂြိုလ်သားလေး ဒိုမင်းဂျွန်အနေနဲ့ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။
ကလေးဘဝတည်းက သရုပ်ဆောင်လုပ်လာတဲ့ မင်းသား Yoo Seung Ho ကတော့ Imaginary Cat ဇာတ်လမ်းတွဲမှာ ကြောင်တစ်ကောင်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး ပီပြင်လွန်းတာကြောင့် လူအများအကြိုက်တွေ့ခဲ့ကြပါတယ်။
မော်ဒယ်၊ မင်းသားချောလေး Nam Joo Hyuk ဟာ ‘Bride of Water God’ ဇာတ်လမ်းမှာ Water God ရေနတ်သားအဖြစ်ပါဝင်သရုပ်ဆောင်ထားတာတွေ့ရမှာပါ။
F4 မင်းသမီးလေး ဂူဟဲဆောန်းရဲ့ ခင်ပွန်းသည် မင်းသား Ahn Jae Hyun ကတော့ Blood ရုပ်သံဇာတ်လမ်းတွဲမှာ Vampire တစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မော်ဒယ်၊ မင်းသား တစ်ဦးဖြစ်တဲ့ Lee Soo Hyuk ဟာ Scholar Who walks the night ဒရာမာစီးရီးမှာ သွေးစုပ်ဖုတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။
Idol အဖွဲ့ 5prise မှအဖွဲ့ဝင်တစ်ဦးလဲဖြစ်၊ သရုပ်ဆောင်မင်းသားကောင်းတစ်ယောက် လဲဖြစ်တဲ့ Seo Kang Joon ဟာ ‘You are Human too’ ဇာတ်ကားမှာ စက်ရုပ်တစ်ရုပ်အဖြစ် သရုပ်ဆောင်ထားပါတယ်။
ပရိတ်သတ်ကြီးရေ ဘယ်မင်းသားကိုအကြိုက်ဆုံးလဲဆိုတာ ပြောခဲ့ကြပါဦး။
(ပိုပိုလေး)