1. Home
  2. Movie Stars - Celebrity

V day အမှီ လက်ဆောင်တွေနဲ့ အားကျမခံကြွားလုံးထုတ်လိုက်တဲ့ အလင်းရောင်

Movie Stars - Celebrity ก.พ. 13, 2562 view 1,766

တက်သစ်စအနုပညာရှင်လူငယ်တစ်ယောက်ဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် အလင်းရောင်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲနှလုံးကိုဖမ်းစားထားနိုင်သူဖြစ်ပါတယ်။ တစ်မူထူးခြား ဆန်းပြားတဲ့နာမည်လေးကြောင့်ပဲ ပရိသတ်တွေက စတင်သတိထားမိခဲ့တာဖြစ်ပြီး ချောမောရှင်းသန့်တဲ့ ရုပ်ရည်ကြောင့်ပင် တစ်ခဲနက်ဝန်းရံအားပေးခဲ့ကြတာပဲဖြစ်ပါတယ်။

အနုပညာပိုင်းနဲ့ပတ်သက်ပြီး တက်သစ်စလူငယ်တစ်ယောက်ဖြစ်ပေမယ့် ကောင်းမွန်ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ရုပ်ရှင်ဇတ်လမ်းတွဲတွေသာမက ရုပ်ရှင်ကားကြီးတွေမှာပါ အများအပြားပါဝင်ရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။ အလင်းရောင်ပါဝင်သရုပ်ဆောင်ထားတဲ့ “သတို့သမီး” ရုပ်ရှင်ကား၊ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်ကားတွေကလည်း ပရိသတ်တွေကြားအကြိုက်တွေ့ခဲ့ရတဲ့ အောင်မြင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်ခဲ့ပါတယ်။

တစ်ကိုယ်တည်း single ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေတယ်လို့သိထားကြတဲ့ မော်ဒယ်သရုပ်ဆောင် အလင်းရောင်ကတော့ V day အမှီလေးကို အားကျမခံကြွားလုံးထုတ်လိုက်ပြန်ပါပြီ။ ကိုယ်စီကိုယ်စီ Valentine’s Day အတွက် ရရှိတဲ့ လက်ဆောင်တွေကို လူမှုကွန်ယက်ကနေ အပြိုင်အဆိုင်ကြွားလုံးထုတ်နေကြတဲ့ ယခုလိုအချိန်အခါမျိုးမှာ အလင်းရောက်တစ်ယောက်လည်း နောက်ကောက်မကျအောင် လက်ဆောင်ရရှိတဲ့ချောကလက်ဘူးမြောက်များစွာနဲ့ ပရိသတ်တွေကြား ကြွားလုံးထုတ်လိုက်တာပဲဖြစ်ပါတယ်။

လက်ဆောင်တွေတစ်ပွေ့တစ်ပိုက်နဲ့ ပျော်နေတဲ့ပုံလေးကို ဖေ့စ်ဘွတ်မှာတင်ပြီး “စိတ်မရှိနဲ့ ကြွားချင်လို့ပါ” ဆိုပြီး Caption လေးတပ်ကာ ပရိသတ်တွေကို ထုတ်ကြွားလိုက်တာပါ။ ချောကလက်လာကြွေးကြပါလို့ ပူဆာခဲ့မှုကြောင့် ရှုတင်ထိလာပြီး ချောကလက်တွေ လက်ဆောင်တွေနဲ့ We Love Fan တွေက Surprise သွားလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ထိုအကြောင်းကိုတော့ အလင်းရောင်က “မနေ့က Pre Vday အကြို ချောကလက်လာကျွေးကြပါဆိုတော့ ချောကလက်ရော လက်ဆောင်ရော skinCare set လိုက်ပါ လာပေးကြကျွေးကြတာ… ချစ်စရာကောင်းတဲ့ We Love လေးတွေ… Spore ကနေလဲ ပန်းစည်းကလှမ်းပို့လိုက်သေးတယ် အာဘွားးး” ဆိုပြီး ရေးတင်ထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာ “စာအုပ်ကြီးရဲ့ စီရင်ချက်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတဲ့ အလင်းရောင်ကတော့ ချစ်ပရိသတ်တွေရရှိတဲ့ V Day အကြိုလက်ဆောင်တွေကြောင့် အရမ်းကိုပြုံးပျော်ရွှင်နေတာပါနော်။ ပရိသတ်ကြီးထဲမှာ Valentine’s Day အတွက် ကိုယ့်ချစ်သူဆီက လက်ဆောင်တွေရကြပြီးလား…

 



Follow us on