1. Home
  2. Health Fix

အသည်းသန့်ရှင်းစေဖို့ စားသုံးသင့်တဲ့ အစားအစာ (၅)မျိုး

Health Fix ก.พ. 11, 2562 view 2,600
ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ပါရှိတဲ့အသည်းဟာ ကိုယ်တွင်းကလီစာတွေကို အဆိပ်အတောက်မဖြစ်စေဖို့ ထိန်းသိမ်းပေးတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ အသည်းဟာ ကျွန်တော်တို့ စားသုံးလိုက်တဲ့ အဆီပါတဲ့အစားအစာတွေ၊ သကြားဓာတ်၊ အယ်လ်ကိုဟော အစရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အစားအစာတွေ ကိုယ်တွင်းသို့ ရောက်ရှိလာရင် တာဝန်ယူ ရှင်းလင်းပေးတာဖြစ်ပါတယ်။ 
 
သို့ပေမဲ့ အဆိုပါ အဆိပ်အတောက် ဖြစ်စေတဲ့အစားအစာတွေ အစားများရင် အသည်းက အနားယူချိန် မရှိတော့ပဲ အချိန်ပြည့် အလုပ်လုပ်နေရတာမျိုးတွေဖြစ်နိုင်တာကြောင့် အသည်း အားနည်းလာကြတာတွေဖြစ်ပါတယ်။ ဒါကြောင့် အသည်းကို အမြဲသန့်ရှင်းနေအောင်၊ အသည်းအားကောင်းအောင် ဘယ်လိုအစားအစာတွေစားသုံးသင့်သလဲဆိုတာ ပိုပိုလေးမှ ဝေမျှပေးလိုက်ပါတယ်။

၁။ ကော်ဖီ နှင့် လက်ဖက်ရည်

ကော်ဖီနဲ့ လက်ဖက်ရည်ဟာ အသည်းရောဂါဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ဆယ်ခွက်ထက်ပိုပြီး မသောက်သင့်ပါဘူး။

၂။ ဂရိတ်ဖုသီး

အချဉ်သီးအမျိုးအစားထဲ ပါဝင်တဲ့ ဂရိတ်ဖုသီးဟာ အသည်းထဲသို့ ရောက်ရှိလာတဲ့ အဆီတွေကို အမြန်ဆုံးရှင်းလင်းသုတ်သင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဂရိတ်ဖုသီးမှာ ပါဝင်တဲ့ ခါးသက်သက်အရသာက အသည်းမှရှိတဲ့ ဆဲလ်တွေ ထိခိုက်ဒဏ်ရာရရှိခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။

၃။ စပျစ်သီး

တချို့ အရက်လုံးဝမသောက်ပဲ အသည်းရောဂါဝေဒနာ ခံစားနေရသူတွေ ကြုံဖူးကြမှာပါ။ ဒီလူတွေမှာ စပျစ်သီးမှာပါဝင်တဲ့ အစေ့ရဲ့ ဓာတ်တစ်မျိုးကိုလိုအပ်နေကြတာ ဖြစ်ပါတယ်။ စပျစ်သီးစားရင် အစေ့ပါစားရမှာဖြစ်ပြီး အသည်းကိုပိုမို အားကောင်းလာစေမှာဖြစ်ပါတယ်။

၄။ ဘလူးဘယ်ရီ

အပြာရောင်အသီးအုပ်စုတွေထဲက ဘလူးဘယ်ရီ စားသုံးပေးခြင်းအားဖြင့် အသည်းကို ထိခိုက်ဒဏ်ရာ၊ အမာရွတ်တွေ မဖြစ်အောင် ကာကွယ်တားဆီးပေးပြီး အသည်းရဲ့ အဆိပ်အတောက်ချေဖျက်ခြင်းလုပ်ငန်းဆောင်တာကိုလဲ ပိုမိုလျင်မြန်အောင် ဆောင်ရွက်စေမှာဖြစ်ပါတယ်။

၅။ သကြားမုန်လာဥ

သကြားမုန်လာဥဟာ အသည်းထဲကိုရောက်ရှိလာတဲ့ အဆိပ်အတောက် အစားအစာတွေကို အမြန်ဆုံးရှင်းလင်းနိုင်အောင် ကူညီပေးနိုင်တာကြောင့် အသည်းပျက်စီးမှုကို ကာကွယ်တားဆီးပေးနိုင်မှာပဲဖြစ်ပါတယ်။

 



Follow us on