1. Home
  2. International News

ဆော်ဒီတွင် ကိုးကွယ်မှု မတူသဖြင့် ၆ နှစ်အရွယ် ကလေးငယ်ကို ခေါင်းဖြတ်သတ်

International News ก.พ. 11, 2562 view 1,980
ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ဂိုဏ်းမတူညီတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်မှုကြောင့် မိခင်ဖြစ်သူ၏ မျက်စိရှေ့တွင် ခေါင်းဖြတ်သတ်ခံခဲ့ရမှုဖြစ်ပွားခဲ့သည်။
 
 
သားအမိနှစ်ဦးဟာ မီဒီနာမြို့မှာရှိတဲ့ ဝတ်ပြုကျောင်းကို တက္ကစီငှားကာ နောက်ခန်းမှနေ၍ လိုက်ပါလာစဉ် လမ်း၌သားဖြစ်သူက မိခင်အား “မေမေသားတို့က ရှီရာမူဆလင်နော်” လို့ ကလေးပီပီ တတွတ်တွတ် မေးတာကြောင့် မိခင်ဖြစ်သူကလည်း “ဟုတ်တယ်” လို့ ခဏခဏ ပြန်ဖြေပေးခဲ့ပါတယ်။
 
ဒီလိုနဲ့ သိပ်မကြာမီမှာ စီးနင်းလာသော တက္ကစီကားက လမ်းဘေးမှာ ရုတ်တရက်ထိုးရပ်ပြီး ဒရိုင်ဘာက နောက်ခန်းထဲမှ ကလေးကို ဆွဲထုတ်ကာ လမ်းဘေးမှာတင် ကလေးရဲ့ လည်ပင်းကို မှန်စနဲ့လည်လှီး ခေါင်းဖြတ်သတ်ခဲ့ပါတယ်။ မိခင်ဖြစ်သူမှာ သူ့မျက်စိရှေ့မှာတင် သားဖြသစ်သူရဲ့ အဖြစ်ဆိုးကြောင့် သွေးပျက်ပြီး ငယ်သံပါအောင် အော်ဟစ်ခဲ့ပါတယ်။
 
 
ဆော်ဒီအာရေဗီးယားနိုင်ငံတွင် ဆွန်နီမူဆလင်ဘာသာက ကြီးစိုးလျှက်ရှိပြီး လူဦးရေအများစုက ဆွန်နီမူဆလင်များ ဖြစ်ကြပါတယ်။ ဒါကြောင့် ကလေးဟာ ရှီရာမူဆလင် ဖြစ်နေတာကို သိသွားပြီး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
 
 
 
ဝါရှင်တန်အခြေစိုက် ရှီရာအခွင့်အရေး စောင့်ကြည့်အဖွဲ့က အဆိုပါအမှုနဲ့ ပက်သက်ပြီး ယခုချိန်ထိ သက်ဆိုင်ရာတွေအပြင် အခြာမည်သူကမှ ကြားဝင်ဖျန်ဖြေခြင်း မရှိသေးဘူးလို့ဆိုပါတယ်။ ဆော်ဒီနိုင်ငံမှာ ရှီယာတွေကို စစ်တပ်က နှိမ်နင်းဖြိုခွင်းပြီး ရှီယာမူဆလင်အများစုဟာ ထောင်သွင်းအကျဉ်းချခံထားရကြောင်း သိရှိရသည်။
 
SOURCE CLICK HERE!!


Follow us on