1. Home
  2. International News

မိတ်လိုက်နေတဲ့ အကြီးစားမြွေနှစ်ကောင် ကိုဖမ်းပြီး ချက်စားလိုက်တဲ့ ရွာသားများ

International News ก.พ. 08, 2562 view 2,244

မလေးရှားနိုင်ငံ ဘောနီယိုကျွန်းမှာ ဒေသခံတွေက အရှည်ပေ ၂၀ ခန့်ရှိတဲ့ စပါးအုံမြွေကြီ စုံတွဲကိုတွေ့ ရှိခဲ့ကြပါတယ်။ဒေသခံတွေဟာ တောထဲ့မှာ အမဲလိုက်သွားရင် သစ်ခေါင်းပေါက်ထဲ့မှာ အသံဆူဆူညံညံကြားတာကြောင့် ကြည်မိရာ မြွေနှစ်ကောင်း မိတ်လိုက်နေမှန်းသိရှိခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါမြွေနှစ်ကောင်းကို ဒေသခံတွေက် ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး လွှဖြင့်အပိုင်းပိုင်းဖြတ်ပြီး ရွာသားတွေကို ခွဲဝေပေးခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါမြွေနှစ်ကောင်မိတ်လိုက်နေတာကို အသက် ၆၀အရွယ် Tinsung Ujang တွေရှိခဲ့တာဖြစ်ပြီး ပါလာတဲ့အပေါင်းအဖော်တွေနဲ့ ဝိုင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မြွေနှစ်ကောင်မှာ အရွယ်အစားအတော်လွန်းကွာပြီး မြွေအထီးထက် မြွေအမဖြစ်သူက အဆတော်တော်များများ ကြီးတယ်လို့ဆိုပါတယ်။ မြွေအမဟာ ပေ ၂၀ ကျော်ရှည်ပြီး ၁၀၀ ကီလိုဂရမ် ရှိတယ်လို့ဆိုပါတယ်။ ထိုမြွေနှစ်ကောင်ကို ဖမ်းဖို့အတော်ကို ခက်ခက်ခဲခဲဖမ်းယူခဲရပါတယ်လို့ Tinsung Ujang ကပြောပါတယ်။ ဖမ်းဆီးပြီးတဲ့နောက်မှာ ရွာသားတွေစားသုံးဖို့အတွက် ခွဲဝေပေးခဲ့ ပါတယ်လိုဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မြွေအမျိုးအစားဟာ အရှေ့တောင်အာရှမှာ အရှည်ဆုံးနဲ့ အကြီးဆုံး မြွေဖြစ်ပြီး အဆိပ်လည်းအတော် ပြင်တဲ့ မြွေအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

 



Follow us on