1. Home
  2. Special or Others

ဆင်းရဲပြီး ရုပ်ဆိုးလွန်းလို့ အနှိမ်ခံရတဲ့ ကောင်မလေးကို ကံတရားက လက်ပိုက်ကြည့်မနေ

Special or Others ก.พ. 06, 2562 view 4,008
ထိုင်းနိုင်ငံက “ဝီဂျစ်ပရာဖွန်” ဆိုတဲ့ ကောင်မလေးရဲ့ ကံဇာတာဟာ အရမ်းဆင်းရဲတဲ့မိသားစုမှာ လူဖြစ်လာရတာလောက်နဲ့ မကျေနပ်နိုင်သေးဘူး ထင်ပါတယ်။၊ မိန်းကလေးဖြစ်နေရပြီး အတော်လေးကို ရုပ်ဆိုးရတဲ့ ဘဝပါ။ 
အဲဒီရုပ်အဆင်းကြောင့်ပဲ ဘဝတစ်လျှောက်လုံး သူတစ်ပါးရဲ့ လှောင်ပြောင် အနိုင်ကျင့်မှုတွေကို နေ့စဉ် ခါးသီးစွာ ဖြတ်ကျော်နေရပြီး အပေါင်းအသင်း လုပ်မယ့်လူတောင် မရှိခဲ့ပါဘူး။
 
 
ဒါပေမယ့် ကံကြမ္မာဆိုတာ အမြဲတမ်းဆိုးနေတာမဟုတ်ပဲ နောက်ထပ်တစ်ကြိမ် ကံကောင်းဖို့ သူမကို အခွင့်အရေး ထပ်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံ ရုပ်သံအစီစဉ်တစ်ခု ဖြစ်တဲ့ “Let Me In Season 2” အစီစဉ်မှာ “ဝီဂျစ်ပရာဖွန်” ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ 
 
ဒီအစီစဉ်ဟာ အခြားရုပ်သံပြိုင်ပွဲတွေလိုပဲ လျှောက်လွှာခေါ်ယူခဲ့တာဖြစ်ပြီး လျှောက်လွှာရှင်တွေ အများကြီးကြားထဲကမှ “ဝီဂျစ်ပရာဖွန်” ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
“ဝီဂျစ်ပရာဖွန်” ရဲ့ ခံတွင်းအုံဟာ မို့မောက်လွန်းပြီး လွန်ကဲစွာရှေ့ကို ထွက်နေတာကြောင့် ပါးစပ်ပင်လုံအောင် စိထားလို့မရပဲ သွားတွေအကုန်လုံး အပြင်ဘက်ကို ထွက်နေတဲ့ အနေအထားပါ။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ အသွင်အပြင်ကြောင့် လူတွေက ဝိုင်းစကြပေမယ့် တစ်ကယ့်တစ်ကယ်တော့ သူ့နဲ့ ဘယ်သူကမှ သူငယ်ချင်း မလုပ်ကြပါဘူး။
 
 
ဒီသွားတွေကြောင့်ပဲ အစားစားဖို့ခက်သလို စကားပြောရာမှာလည်း ဗလုံးဗထွေးနဲ့ အဆင်မပြေလှပါဘူး၊ ဆင်းရဲနွမ်းပါးလွန်တာကြောင့် မျက်နှာခွဲစိတ်အလှပြုပြင်ရေးစင်တာတွေကို အိမ်မက်တောင် မမက်နိုင်ခဲ့ပါဘူး။
“Let Me In” အစီစဉ်ကို စီစဉ်သူတွေနဲ့ ဒိုင်လူကြီးလုပ်တဲ့ ဆရာဝန်ကပါ “ဝီဂျစ်ပရာဖွန်” ရဲ့ ဘဝကို အသစ်တစ်ဖန်ပြောင်းလဲပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။
 
 
အစီစအစဉ်အတိုင်း “ဝီဂျစ်ပရာဖွန်” မေးစေ့နဲ့ သွားတို့ကို ပုံမှန်ဖြစ်သွားအောင် ကိုရီးယားနိုင်ငံမှာ ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ပြီး ၃ လအကြာမှာတော့ “ဝီဂျစ်ပရာဖွန်” ဟာ အလွန်ချောမောလှပတဲ့ နတ်သမီးလေးတစ်ပါးအဖြစ် ပရိသတ်ရှေ့ကို ပြန်လည်ရောက်လာနိုင်ခဲ့ပါတယ်။
 
 
ရုပ်သံအစီစဉ်မှာပြတဲ့အခန်း သူမ ကျောင်းခန်းထဲကို ဝင်လာချိန်မှာ အတန်းဖော်တွေ၊ ဆရာ ဆရာမတွေနဲ့ အားလုံးက သူမရဲ့ ချောမောလှပတဲ့ မျက်နှာကိုကြည့်ပြီး အံ့သြမှင်သက်မိသွားကြတဲ့ ပုံရိပ်ဟာ အစီစဉ်ကြည့်နေတဲ့ ပရိသတ်တွေကိုပါ မျက်ရည်လည်စေခဲ့ပါတယ်။
 
 
တစ်ချိန်က အနှိမ်ခံ အလှောင်ပြောင်ခံ လူတောမတိုးရဲခဲ့တဲ့ ရုပ်ဆိုးမလေးတစ်ယောက် ဟာ ဟာ နတ်ရေကန်ထဲခုန်ဆင်းလိုက်သလို ချောမောလှပသွားတာကြောင့် “ဝီဂျစ်ပရာဖွန်” အတွက် အားလုံးက ဝမ်းသာမျက်ရည်တွေ ပြည့်လျှံခဲ့တာဖြစ်ပါတယ်။
 
 
အခုဆိုရင် “ဝီဂျစ်ပရာဖွန်” ဟာ သူ့ကိုယ်သူ ယုံကြည်မှုတွေအပြည့်ရှိနေပြီး ရှေ့ဆက်ရမယ့်ဘဝခရီးအတွက် ခွန်အားတွေ ရသွားပြီဖြစ်ပါတယ်။ “Let Me In” လို ဘဝတစ်ခုကို ပြောင်းလဲပေးနိုင်တဲ့ အစီစဉ်မျိုး မြန်မာနိုင်ငံမှာ လုပ်ရင် တော်တော်ကောင်းမယ်လို့ တွေးနေမိတယ်။
 
(ပိုပိုလေး)
 


Follow us on