1. Home
  2. Movie Stars - Celebrity

ခိုင်မာတဲ့သူငယ်ချင်းသံယောဇဉ်ကို 10 Years Challenge လေးလုပ်ကာ ပြသခဲ့သူများ

Movie Stars - Celebrity ม.ค. 28, 2562 view 1,521

ယခုတလော လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေမှာ အပျော်သဘောနဲ့ စနောက်ကာ Like ဘယ်လောက်ရရင်၊ Comment ဘယ်လောက်ရရင် ဘာလုပ်ပြမယ် စသဖြင့် Challenge လေးတွေအမျိုးမျိုးပြုလုပ်ခြင်းက ခေတ်စားလို့နေပါတယ်။ ဒီ Challenge လေးတွေထဲမှာတော့ ၁၀ နှစ်တာဖြတ်သန်းခဲ့တဲ့ ကိုယ့်ရဲ့ပြောင်းလဲမှုပုံရိပ်ကိုနှိုင်းယှဉ်ပြသတဲ့ 10 Years Challenge လေးကတော့ အနုပညာရှင်တွေကြားထဲသာမက အွန်လိုင်းသုံးစွဲသူတွေကြားထဲမှာပါ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဟောလိဝုဒ်ဆယ်လီဘရစ်တီတွေကနေ စတင်ခဲ့တဲ့ ဒီ Challenge လေးက အတော့်ကိုရေပန်းစားခဲ့ကာ မြန်မာနိုင်ငံက အနုပညာရှင်တွေကြားထဲမှာပါ ခေတ်စားခဲ့ပါတယ်။ 10 Years Challenge ကိုလုပ်ပြခဲ့တဲ့ အနုပညာရှင်တွေကြားထဲမှာ ခိုင်နှင်းဝေနဲ့ စန္ဒီမြင့်လွင်တို့ကတော့ တစ်မူထူးခြားတဲ့ Challenge လေးကိုလုပ်ပြခဲ့ပါတယ်။ အဲ့တာကတော့ ၁၀ နှစ်တာအတွင်း ကိုယ့်ရဲ့ပြောင်းလဲမှုတင်မက အရမ်းခင်မင်ရတဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူနဲ့အတူ ပြောင်းလဲခဲ့ပုံကို 10 Years Challenge လေးအဖြစ်လုပ်ပြခဲ့တာပဲဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးခိုင်နှင်းဝေကတော့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင်ဆုပန်ထွာနဲ့အတူ ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းသံယောဇဉ်ကိုတည်ဆောက်ခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ သူမတို့နှစ်ယောက်ဟာ တစ်ချိန်က အရမ်းကိုလိုက်ဖက်ညီညီလှပခဲ့ကြသူတွေဖြစ်ပြီး အောင်မြင်မှုတွေကိုလဲ များစွာပိုင်ဆိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ညီအမတွေလား ထင်မှတ်မှားရလောက်တဲ့ သူမတို့နှစ်ယောက်ဟာ အပြင်သွားတိုင်းလဲ လူမှားခေါ်ခံရတဲ့ထိဖြစ်ခဲ့ရကြောင်းကို ခိုင်နှင်းဝေက အမှတ်တရအနေနဲ့ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

“10 Years Challenge 



Follow us on