ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူကတော့ တစ်မူထူးခြားတဲ့ ပါးချိုင့်လေးနဲ့အလှဆုံးပြုံးတတ်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး လှပကျော့ရှင်းပြီး တွယ်ငြိစရာအလှတို့ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေကို လှပသေသပ်စွာဝတ်စားတတ်သူဖြစ်ပြီး မိန်းကလေးတိုင်းအားကျရတဲ့ အချိုးအစားကျ ကျစ်လျစ်လှပတဲ့ အမိုက်စားဘော်ဒီလေးကိုလည်း ပိုင်ဆိုင်ထားသူပါ။ အနုပညာလောကထဲမှာ ဆယ်စုနှစ်တိုင်အောင်မြင်မှုတွေကို ရရှိထားတဲ့ အေးမြတ်သူကတော့ ကျရာဇတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အချစ်များစွာကိုရရှိထားတာပဲဖြစ်ပါတယ်။
အသက် (၃၀) ကျော်အရွယ် ပျိုရွယ်လှပနေဆဲသူမကတော့ ချစ်သူရှိပေမယ့် တစ်ကိုယ်တည်းအပျိုကြီးဘ၀မှာသာ ပျော်မွေ့နေသူပဲဖြစ်ပါတယ်။ လတ်တလောမှာ ပွဲအခမ်းအနားတွေကို အများဆုံးတက်ရောက်ဖြစ်နေတဲ့ အေးမြတ်သူတစ်ယောက် ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ရဲ့ ကံစမ်းမဲဆုချီးမြှင့်ပွဲကို ရိုးရိုးလေးနဲ့ဆန်းနေတဲ့ အပြာရောင်ဖက်ရှင်ဝတ်စုံဒီဇိုင်းလေးနဲ့ ပွဲတက်ခဲ့ပါတယ်။
သူမရဲ့ရင်နှစ်မွှာအသည်းတို့ကို လှစ်ဟာပြထားတဲ့ ထိုဖက်ရှင်လေးကြောင့် ပရိသတ်တွေကြားဝေဖန်မှုတွေမြင့်တက်ခဲ့ရသလို ပြစ်တင်ပြောဆိုမှုတွေလည်း များစွာရှိခဲ့ပါတယ်။ တိကျသေသပ်တဲ့ ချုပ်လုပ်မှုလက်ရာတို့ကြောင့် သူမအကြိုက်တွေခဲ့တဲ့ ထိုဝတ်စုံလေးက ပရိသတ်တွေကြားဝေဖန်စရာတွေဖြစ်ခဲ့ရတာကြောင့် စိတ်ဆိုးကြမယ့်ဆိုတာသိပေမယ့် အပျိုကြီးမို့ နဲနဲလေးဆိုးခွင့်ပေးပါဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တောင်းဆိုစကားလေးရေးသားလိုက်တာပဲဖြစ်ပါတယ်။
အေးမြတ်သူရေးသားထားတာကတော့ “ဆူခံရမယ်ဆိုတာလည်း သိပါတယ်… စိတ်းဆိုးကြမယ် ဆိုတာလည်း သိပါတယ်… သို့ပေမယ့် ...ဒီအပျိုကြီး ကို နဲနဲဆိုးခွင့်လေးပေးကြပါနော်…တိကျသေသပ်တဲ့ ချုပ်လုပ်မှု့တွေကြောင့် ဝတ်စုံလေး က အရမ်းကို တိကျလှပနေလို့ ၂၀၁၉ အတွက် မမြတ်လေး သဘောကျတဲ့ ဝတ်စုံလေးတစုံ ပါလို့” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ သူမရဲ့အလှတို့ကိုပေါ်လွင်စေတဲ့ ၀တ်စုံလေးကိုချုပ်လုပ်ပေးထားတာကတော့ ဒီဇိုင်နာကိုလတ်ဖြစ်ပြီး သူမအကြိုက်တွေ့ရတဲ့ဝတ်စုံလေးဖန်တီးပေးခဲ့လို့ ကျေးဇူးတင်စကားဆိုထားတာကိုလဲ တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း မမြတ်လေးကို ဝေဖန်မျက်စိနဲ့မကြည့်ပဲ ချစ်တဲ့မျက်စိနဲ့ကြည့်ပြီး အပျိုကြီးမမရဲ့ တစ်ခါတစ်လေဆိုးမှုကိုလဲ သည်းခံနားလည်ပေးလိုက်ကြပါနော်…
comment